ယေရမိ 29:5Common Language Bible`သင်တို့အိမ်ရာဆောက်လုပ်၍အတည်တကျ နေထိုင်ကြလော့။ ဥယျာဉ်များကိုစိုက်ပျိုး၍ ရရှိသည့်အသီးအနှံများကိုစားကြလော့။- အခန်းကိုကြည့်ပါ။ |
ယေရမိသည်ဗာဗုလုန်မြို့တွင်ရှိသည့်လူတို့ အား သူတို့သည်သုံ့ပန်းများအဖြစ်ဖြင့်ကာလ ကြာမြင့်စွာနေရကြမည်ဖြစ်၍ အိမ်ရာများ ဆောက်လုပ်ကာအတည်တကျနေထိုင်ကြရန် နှင့် ဥယျာဉ်များစိုက်ပျိုး၍ရရှိသည့်အသီး အနှံများကိုစားကြရန်ဆင့်ဆိုပြောကြား ခဲ့၏'' ဟုဖော်ပြပါရှိ၏။
သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။