``ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယေရု ရှလင်မြို့မှ ဗာဗုလုန်မြို့သို့မိမိပြည်နှင် ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့အား၊-
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
`သင်တို့အိမ်ရာဆောက်လုပ်၍အတည်တကျ နေထိုင်ကြလော့။ ဥယျာဉ်များကိုစိုက်ပျိုး၍ ရရှိသည့်အသီးအနှံများကိုစားကြလော့။-
မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။