Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 28:9

Common Language Bible

သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ကြို​တင်​ဟော​ကြား​မှု​တစ်​စုံ​တစ်​ရာ​ကို ငါ​၏​အ​စေ​ခံ​ပြု​သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​ကို​ဖော်​ပြ​ရန် တ​မန်​တော်​တစ်​ဦး​ဦး​ကို​ငါ​စေ​လွှတ် သော​အ​ခါ​၌​လည်း​ကောင်း၊ ငါ​သည်​ထို​အ​ကြံ​အ​စည်​များ​နှင့် ကြို​တင်​ဟော​ကြား​မှု​တို့​ကို​အ​ကောင်​အ​ထည် ပေါ်​စေ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​တို့​တစ်​ဖန်​ပြန်​၍ နေ​ထိုင်​ကြ​လိမ့်​မည်။ ယု​ဒ​မြို့​များ​ကို​ပြန်​လည်​ထူ​ထောင်​ကြ​လိမ့် မည်​ဟူ​၍ ထို​မြို့​အ​သီး​သီး​တို့​အား​ငါ​ပြော​ကြား​ပါ​၏။ ထို​မြို့​တို့​သည်​ပြို​ပျက်​ရာ​မှ​ပြန်​လည်​စည်​ကား တိုး​တက်​၍​လာ​လိမ့်​မည်။

ထို​အ​ခါ​ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​တွင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​အန္တရာယ်​ကျ​ရောက်​လိမ့်​မည်​မ​ဟုတ်။ ငြိမ်း​ချမ်း​သာ​ယာ​မှု​သာ​လျှင်​ရှိ​လိမ့်​မည်​ဟု ပ​ရော​ဖက်​များ​ဟော​ပြော​လျက်​နေ​ကြ​သည် ကို​ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏'' ဟု လျှောက်​၏။

ထို​အ​ခါ​ငါ​သည်``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ အား​လှည့်​ဖြား​တော်​မူ​ပါ​ပြီ။ ငြိမ်း​ချမ်း​မှု ရ​ရှိ​လိမ့်​မည်​ဟု​ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သူ​တို့​၏​လည်​မျို​တွင် ဋ္ဌား​တေ့​လျက်​ရှိ​ပါ​၏'' ဟု​လျှောက်​၏။

ထို​သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကု​သ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ​ချိန် ၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ​သည်' ဟု​ဆို​ကြ​၏။-

သူ​တို့​သည်​ငါ့​လူ​မျိုး​တော်​၏​အ​နာ​များ ကို​ပေါ့​ပေါ့​တန်​တန်​သ​ဘော​ထား​၍​ကုသ ကြ​၏။ `အ​စ​စ​အ​ရာ​ရာ​အ​ဆင်​မ​ပြေ ချိန်​၌​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​ပါ သည်' ဟု​ဆို​ကြ​၏။-

သို့​ရာ​တွင်​သင်​၏​ဟော​ကြား​ချက်​မှန်​သ​မျှ သည်​မှန်​ကန်​လာ​ရ​မည်​ဖြစ်​သည့်​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​သော​အ​ခါ မိ​မိ တို့​အ​လယ်​တွင်​ပ​ရော​ဖက်​တစ်​ပါး​ရောက် ရှိ​နေ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``ပ​ရော​ဖက်​တစ်​ဦး​က​ဆင့်​ဆို​သော​စ​ကား​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​လာ သည်​ကို​သင်​တို့​သိ​လို​လိမ့်​မည်။-

သူ​ဆင့်​ဆို​သော​စ​ကား​အ​တိုင်း​အ​ကောင်​အ​ထည် မ​ပေါ်​လာ​လျှင် သူ​၏​ဆင့်​ဆို​ချက်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​လာ​သည်​မ​ဟုတ်။ သူ​သည်​မိ​မိ ၏​အ​ခွင့်​အာ​ဏာ​ဖြင့်​သာ​ဆင့်​ဆို​ခြင်း​ဖြစ်​၍ သင် တို့​သည်​သူ့​ကို​မ​ကြောက်​နှင့်။''




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ