Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 28:8

Common Language Bible

သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်​တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဆို​သူ ပ​ရော​ဖက်​က အာ​ဟပ်​မင်း​အား``မိုး​ရွာ​မည်​ဟု ငါ​မ​ပြော​မ​ချင်း​လာ​မည့်​နှစ်​နှစ်​သုံး​နှစ်​တွင် မိုး​ခေါင်​လိမ့်​မည်။ ဆီး​နှင်း​လည်း​ကျ​လိမ့်​မည် မ​ဟုတ်​ကြောင်း ငါ​ကိုး​ကွယ်​၍​အ​သက်​ရှင်​တော် မူ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​သင့် အား​ငါ​ဆို​၏'' ဟု​ဆင့်​ဆို​လေ​သည်။

ထို​အ​ခါ​မိက္ခာ​က``ဣ​သ​ရေ​လ​ပြည်​သူ​တို့ သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့ တောင် ကုန်း​များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို ငါ​မြင်​၏။ ထာ​ဝ​ရ​ဘု​ရား​က`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​ဧ​ချမ်း​စွာ​ပြန်​ခွင့်​ပြု​ကြ​လော့' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​လေ​၏။

အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖက်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣ​မ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အ​ခါ​မျှ​အ​ကောင်း​ကို​မ​ဟော၊ အ​ဆိုး ကို​သာ​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့​ကို​ကျွန်ုပ် မ​နှစ်​သက်​ပါ'' ဟု​ပြန်​ပြော​လေ​သည်။ ထို​အ​ခါ​ယော​ရှ​ဖတ်​က``ဤ​သို့​မ​ပြော​သင့် ပါ'' ဟု​ဆို​၏။-

ဤ​ဗျာ​ဒိတ်​တော်​သည်​ဘု​ရား​သ​ခင်​ထံ​တော် မှ​ဗာ​ဗု​လုန်​ပြည်​နှင့်​ပတ်​သက်​၍ အာ​မုတ်​၏ သား​ဟေ​ရှာ​ယ​ခံ​ယူ​ရ​ရှိ​သည့်​ဗျာ​ဒိတ် တော်​ဖြစ်​၏။

မိ​မိ​တို့​၏​လေး​မြား​များ​ဖြင့်​လူ​ငယ်​လူ​ရွယ် တို့​ကို ပစ်​ခတ်​သတ်​ကြ​လိမ့်​မည်။ သူ​တို့​သည် နို့​စို့​သူ​ငယ်​များ​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ က​လေး​သူ​ငယ်​တို့​ကို​လည်း​သ​နား လိမ့်​မည်​မ​ဟုတ်။-

ဤ​သည်​မှာ​တေ​ကော​ရွာ​မှ သိုး​ထိန်း​အာ​မုတ် ဟော​သော​စ​ကား​များ​ဖြစ်​သည်။ ယု​ဒ​ဘု​ရင် သြဇိ​မင်း​လက်​ထက်၊ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင်​ယော​ရှ​၏​သား​ယေ​ရော​ဗောင်​မင်း​အုပ် စိုး​စဉ်​ကာ​လ၊ မြေ​င​လျင်​မ​လှုပ်​မီ​နှစ်​နှစ် အ​ထက်​က​ထာ​ဝ​ရ​ဘု​ရား​သည် အာ​မုတ် အား​ဣ​သ​ရေ​လ​တို့​နှင့်​ပတ်​သက်​သော ဤ အ​ကြောင်း​အ​ရာ​တို့​ကို​ဖော်​ပြ​ဖွင့်​ဆို တော်​မူ​ခဲ့​သည်။

အာ​မုတ်​က၊ ``ဇိ​အုန်​တောင်​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ကြုံး​ဝါး သံ​ကို ကြား​ရ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​အ​တွင်း​မှ​ထစ်​ချုန်း​လာ​သော အ​သံ​တော်​ကို​ကြား​ရ​စေ​ပြီ။ သိုး​စား​ကျက်​တို့​သည်​သွေ့​ခြောက်​ကုန်​၍ က​ရ​မေ​လ​တောင်​ပေါ်​မှ​မြက်​ပင်​တို့​သည် နွမ်း​ရ​လေ​ပြီ​ဟု​ဆို​၏။''

ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​န​အား``ထ လော့၊ နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​လော့။ ငါ​မှာ သည့်​အ​တိုင်း​မြို့​သူ​မြို့​သား​တို့​အား​သ​တိ ပေး​လော့'' ဟု​ဒု​တိ​ယ​အ​ကြိမ်​အ​မိန့်​ပေး တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ