Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 26:21

Common Language Bible

သူ​၏​စ​ကား​ကို​ယော​ယ​ကိမ်​မင်း​နှင့်​သူ​၏ မှူး​မတ်​များ​နှင့်​စစ်​သည်​တော်​များ​ကြား​သော အ​ခါ မင်း​ကြီး​သည်​သူ့​အား​ကွပ်​မျက်​ရန် ကြိုး​စား​၏။ သို့​ရာ​တွင်​ဥ​ရိ​ယ​သည်​ထို​သ​တင်း ကို​ကြား​သ​ဖြင့်​ကြောက်​၍​အီ​ဂျစ်​ပြည်​သို့ ထွက်​ပြေး​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။-

ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။

ယော​ရှ​မင်း​သည်​ဇာ​ခ​ရိ​အား​မ​ကောင်း​ကြံ မှု​တွင်​ပါ​ဝင်​လျက် သူ​၏​အ​မိန့်​အ​ရ​ပြည်​သူ တို့​သည်​ဇာ​ခ​ရိ​အား​ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ခဲ​နှင့်​ပစ်​သတ်​ကြ​၏။

ကွန်​တော်​မျိုး​သည်​နေ့​စဉ်​နှင့်​အ​မှ အ​သက်​အန္တ​ရာယ်​နှင့်​တေ"​ကြုံ​နေ​ရ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို မ​မေ့​မ​လော့​ပါ။

လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။

ယု​ဒ​ခေါင်း​ဆောင်​များ​သည် ထို​အ​ဖြစ်​အ​ပျက် အ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ ဘု​ရင် နန်း​တော်​မှ​လာ​၍​ဗိ​မာန်​တော်​တံ​ခါး​သစ် အ​ဝင်​ဝ​၌​နေ​ရာ​ယူ​ကြ​၏။-

ထို​နောက်​သူ​သည်​အာ​ဇ​ရေ​လ​၏​သား၊ စ​ရာ​ယ၊ အာ​ဗ​ဒေ​လ​၏​သား​ရှေ​လ​မိ​တို့​နှင့်​အ​တူ သား​တော်​ယေ​ရ​မေ​လ​အား ငါ​နှင့်​ငါ​၏​စာ ရေး​ဗာ​ရုတ်​ကို​ဖမ်း​ဆီး​ရန်​အ​မိန့်​ပေး​လေ သည်။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ တို့​နှစ်​ယောက်​အား​ဝှက်​ထား​တော်​မူ​၏။

ထို​အ​ခါ​မှူး​မတ်​တို့​သည်​မင်း​ကြီး​အား``ဤ သူ​ကို​သုတ်​သင်​ပစ်​မှ​ဖြစ်​ပါ​မည်။ သူ​သည် ဤ​စ​ကား​များ​ကို​ပြော​ဆို​ခြင်း​အား​ဖြင့် မြို့​တွင်း​ရှိ​စစ်​သည်​သူ​ရဲ​တို့​အား​လျော့ စေ​ပါ​၏။ မြို့​ထဲ​တွင်​အ​ခြား​ကျန်​ရှိ​နေ​သေး သူ​အ​ပေါင်း​ကို​လည်း​ဤ​နည်း​အ​တိုင်း​ပင် ဖြစ်​စေ​ပါ​၏။ သူ​သည်​လူ​တို့​၏​ကောင်း​ကျိုး ကို​မ​ရှာ၊ ဆိုး​ကျိုး​ကို​သာ​လျှင်​ရှာ​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။-

သင်​တို့​ကို​မြို့​တစ်​မြို့​က​ညှဉ်း​ဆဲ​နှိပ်​စက်​လျှင် အ​ခြား​တစ်​မြို့​သို့​ထွက်​ပြေး​ကြ​လော့။ အ​မှန် အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင်​တို့ သည်​ဣသ​ရေ​လ​မြို့​ရှိ​သ​မျှ​တို့​တွင်​လုပ်​ဆောင် စ​ရာ​မ​ပြီး​စီး​မီ​လူ​သား​သည်​ကြွ​လာ​တော် မူ​လတ္တံ့။

ကိုယ်​ခန္ဓာ​ကို​ဖျက်​ဆီး​နိုင်​သော်​လည်း​ဝိ​ညာဉ်​ကို မ​ဖျက်​ဆီး​နိုင်​သော​သူ​များ​အား​မ​ကြောက်​ကြ နှင့်။ ကိုယ်​ခန္ဓာ​နှင့်​ဝိ​ညာဉ်​ကို​င​ရဲ​တွင်​ဖျက်​ဆီး နိုင်​သော​ဘု​ရား​သ​ခင်​ကို​သာ​လျှင်​ကြောက်​ကြ လော့။-

မိ​မိ​အ​သက်​လုံ​ခြုံ​မှု​ရ​ရှိ​ရန်​ကြိုး​ပမ်း​သူ သည်​အ​သက်​ဆုံး​ရှုံး​ရ​လိမ့်​မည်။ ငါ့​အ​တွက် အ​သက်​ဆုံး​ရှုံး​သူ​သည်​မိ​မိ​အ​သက်​လုံ​ခြုံ မှု​ရ​ရှိ​လိမ့်​မည်။

ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။

သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ