Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 26:20

Common Language Bible

(ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ဟော​ပြော​ကြ​သူ​အ​ခြား​လူ​တစ် ယောက်​ရှိ​သေး​၏။ ထို​သူ​သည်​ရှေ​မာ​ယ ၏​သား၊ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​ဥ​ရိ​ယ ဖြစ်​၏။ သူ​သည်​ဤ​မြို့​နှင့်​ဤ​လူ​မျိုး​အား ဆန့်​ကျင်​၍​ယေ​ရ​မိ​ဟော​ပြော​သ​ကဲ့​သို့ ဟော​ပြော​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​သည်​အ​ရှင့်​အား​ကမ္ဘာ​ပေါ်​ရှိ​နိုင်​ငံ​တ​ကာ တွင်​ရှာ​ဖွေ​စေ​ကြောင်း​ကို အ​သက်​ရှင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​အ​ရှင်​၏​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍​အ​ကျွန်ုပ်​ကျိန်​ဆို​ပါ​၏။ ဤ မည်​သော​နိုင်​ငံ​တွင်​ဧ​လိ​ယ​မ​ရှိ​ပါ​ဟု​ဆို​သော မင်း​အား မင်း​ကြီး​က​အ​ကယ်​ပင်​ရှာ​၍​မ​တွေ့ ကြောင်း​ကို​သစ္စာ​ဆို​စေ​ပါ​၏။-

ယော​ယ​ကိမ်​သည်​ဘေး​တော်​ဘိုး​တော်​တို့​၏ လမ်း​စဉ်​ကို​လိုက်​၍ ထာ​ဝရ​ဘု​ရား​အား​ပြစ် မှား​၏။

``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-

ထို​အ​ခါ​မှူး​မတ်​များ​က``သင်​နှင့်​ယေ​ရ​မိ သည်​ထွက်​ပြေး​ပုန်း​ရှောင်​နေ​ရ​ကြ​ပေ​မည်။ သင်​တို့​ရှိ​ရာ​ကို​အ​ဘယ်​သူ​မျှ​မ​သိ​စေ နှင့်'' ဟု​ဗာ​ရုတ်​အား​ပြော​ကြား​ကြ​၏။

ထို့​အ​ပြင်​ကိ​ရ​ယတ်​ဗာ​လ​မြို့(သို့​မ​ဟုတ် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့) နှင့်​ရဗ္ဗာ​မြို့​ဟူ​၍​မြို့ ကြီး​နှစ်​မြို့​နှင့်​တ​ကွ​ပတ်​ဝန်း​ကျင်​ရှိ​မြို့ ရွာ​များ​လည်း​ပါ​ဝင်​လေ​သည်။-

ထို​နောက်​နယ်​နိ​မိတ်​သည်​ထို​တောင်​အ​နောက် ဘက်​မှ​ယု​ဒ​အ​နွယ်​ပိုင်​သော​ကိ​ရ​ယတ် ဗာ​လ​မြို့(သို့​မ​ဟုတ်​ကိ​ရ​ယ​ယာ​ရိမ်​မြို့) အ​ထိ​တောင်​ဘက်​သို့​ဆင်း​လာ​သည်။ ဤ သည်​ကား​အ​နောက်​ဘက်​နယ်​နိ​မိတ်​ဖြစ်​၏။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-

ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​သား​တို့​ထံ​သို့​တ​မန် များ​စေ​လွှတ်​ပြီး​လျှင်``ဖိ​လိတ္တိ​အ​မျိုး​သား တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပြန်​လည်​ပို့​ဆောင်​ကြ​လေ​ပြီ။ သင် တို့​လာ​၍​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ​ပါ လော့'' ဟု​မှာ​ကြား​လိုက်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​တွင်​နှစ်​ပေါင်း​နှစ်​ဆယ် တိုင်​အောင်​ကြာ​မြင့်​စွာ​ရှိ​နေ​လေ​သည်။ ထို အ​ချိန်​ကာ​လ​အ​တွင်း​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​ကို​ကူ​မ​တော်​မူ​ရန် ထာ​ဝ​ရ​ဘု​ရား​သ​ခင်​ထံ​ဟစ်​အော်​လျှောက် ထား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ