Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 22:26

Common Language Bible

ငါ​သည်​သင်​နှင့်​သင်​၏​မယ်​တော်​အား သင်​တို့ မွေး​ဖွား​ရာ​ဌာ​န​မ​ဟုတ်​သည့်​ပြည်​သို့​နှင် ထုတ်​မည်။ သင်​တို့​သည်​ထို​ပြည်​တွင်​သေ​ရ ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​မှ​စ​၍​သူ​၏ မယ်​တော်၊ မိ​ဖု​ရား​များ၊ မှူး​မတ်​များ၊ ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို ဗာ​ဗု​လုန်​မြို့ သို့​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​လေ​သည်။-

ယေ​ခေါ​နိ​သည်​အ​သက်​တစ်​ဆယ့်​ရှစ်​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​သုံး​လ​မျှ​နန်း​စံ​ရ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ယေ​ရု​ရှ​လင် မြို့​သား​ဧ​လ​နာ​သန်​၏​သ​မီး​န​ဟုတ္တ​ဖြစ်​၏။-

ဗာ​ဗု​လုန်​ဘု​ရင်​ဧဝိ​လ​မေ​ရော​ဒက်​သည်​မိ​မိ နန်း​တက်​တော်​မူ​သော​နှစ်​၌ ယု​ဒ​ဘု​ရင်​ယေ​ခေါ နိ​အား​အ​ကျဉ်း​ထောင်​မှ​လွှတ်​သော​အား​ဖြင့် က​ရု​ဏာ​ပြ​တော်​မူ​၏။ ယေ​ခေါ​နိ​အ​ကျဉ်း ကျ​ပြီး​နောက် သုံး​ဆယ့်​ခု​နစ်​နှစ်​မြောက်​ဒွါ ဒ​သ​မ​လ​နှစ်​ဆယ့်​ခု​နစ်​ရက်​နေ့​၌​ဤ​သို့ ဖြစ်​ပျက်​သ​တည်း။-

သို့​ဖြစ်​၍​ယေ​ခေါ​နိ​သည်​ထောင်​အဝတ်​များ​ကို​လဲ ခွင့်​ရ​လျက် မိ​မိ​အ​သက်​ရှည်​သ​မျှ​ကာ​လ​ပတ် လုံး​မင်း​ကြီး​နှင့်​အ​တူ​ပွဲ​တော်​တည်​ခွင့်​ကို​ရ​ရှိ လေ​သည်။-

မိ​မိ​လို​အပ်​သ​လို​သုံး​စွဲ​နိုင်​ရန်​နေ့​စဉ်​မှန်​မှန် အ​သုံး​စ​ရိတ်​ကို​လည်း တစ်​သက်​လုံး​ရ​ရှိ​၏။ ဋ္ဌမ္မ​ရာ​ဇ​ဝင်​စ​တုတ္ထ​စောင်​ပြီး​၏။

သင်​သည်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​တစ်​ဦး ဖြစ်​ကောင်း​ဖြစ်​ပေ​မည်။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည် သင့်​အား​ဆွဲ​ကိုင်​၍​ပစ်​ထုတ် တော်​မူ​လိမ့်​မည်။-

သင်​တို့​အား​လောက်​လွှဲ​မှ​လောက်​စာ​လုံး​ကို​ပစ် သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ဤ​ပြည်​မှ​ပယ်​ထုတ်​တော်​မူ​လိမ့်​မည်။ သင်​တို့ သည်​အ​ဖမ်း​ခံ​ရ​သော​ကြောင့်​စိတ်​ပျက်​ကြ လိမ့်​မည်။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-

ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

မိ​မိ​တို့​မျှော်​မှန်း​တမ်း​တ​သည့်​ပြည်​သို့ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​လာ​ရ​ကြ လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။

ငါ​သည်​ယေ​ခေါ​နိ​မင်း၊ ထို​မင်း​၏​မယ်​တော်၊ နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​မှ​ခေါင်း​ဆောင်​များ၊ အ​တတ်​ပ​ညာ သည်​များ​နှင့်​လုပ်​ရည်​ကိုင်​ရည်​ရှိ​သူ​အ​လုပ် သ​မား​များ​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သည့် နောက် ထို​စာ​ကို​ရေး​သား​လေ​သည်။-

အီ​ဂျစ်​ပြည်​တွင်​နေ​ထိုင်​ရန်​ယု​ဒ​ပြည်​မှ ထွက်​ခွာ​လာ​ကြ​သူ​တို့​အ​နက် အ​ဘယ်​သူ ကို​မျှ​ထို​ဘေး​များ​မှ​လွတ်​မြောက်​ရ​လိမ့် မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​လိမ့် မည်​မ​ဟုတ်။ မိ​မိ​တို့​တစ်​ဖန်​ပြန်​လည်​နေ ထိုင်​ရန်​မျှော်​လင့်​တောင့်​တ​ကြ​သည့်​ယု​ဒ ပြည်​သို့ ထို​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ပြန်​ရ လိမ့်​မည်​မ​ဟုတ်။ ဒုက္ခ​သည်​အ​ချို့​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​ပြန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ