Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 22:25

Common Language Bible

သင်​၏​အ​သက်​ကို​သတ်​လို​သူ​များ၊ သင် ကြောက်​ရွံ့​သူ​များ​၏​လက်​သို့​ပေး​အပ်​မည်။ သင့်​ကို​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ မင်း​နှင့်​သူ​၏​စစ်​သည်​များ​၏​လက်​သို့​ငါ ပေး​အပ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။

မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။

စစ်​မက်​အန္တ​ရာယ်၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး​နှင့်​အ​နာ​ရော​ဂါ​ဘေး​ဖြင့်​မ​သေ ဘဲ ကျန်​ရှိ​နေ​သူ​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏ မှူး​မတ်​များ​နှင့်​ပြည်​သူ​တို့​ကို​မူ​ကား မိ​မိ တို့​ကို​သတ်​လို​သူ​ရန်​သူ​များ​နှင့်​နေ​ဗု​ခဒ် နေ​ဇာ​၏​လက်​တွင်​အ​ဖမ်း​ခံ​ရ​စေ​မည်။ နေ ဗု​ခဒ်​နေ​ဇာ​သည်​လည်း​သူ​တို့​အား​ကွပ်​မျက် စေ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​အ​သက်​ချမ်း သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​သူ​ကို​မျှ သ​နား​က​ရု​ဏာ​ပြ​လိမ့်​မည်​မ​ဟုတ်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ​က``ယေ​ခေါ​နိ​သည် အ​ဘယ်​သူ​မျှ အ​လို​မ​ရှိ​၍​စွန့်​ပစ်​လိုက်​သော အိုး​ကွဲ​ကဲ့ သို့​ဖြစ်​၍​နေ​ပါ​ပြီ​လော။ ထို​ကြောင့်​သူ​နှင့် သူ​၏​သား​သ​မီး​များ​သည် မိ​မိ​တို့​မ​သိ ဘူး​သည့်​ပြည်​သို့​အ​နှင်​ခံ​ရ​ကြ​ပါ သ​လော။''

လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-

သို့​ဖြစ်​၍​ဇေ​ဒ​ကိ​မင်း​သည်​ငါ့​အား``ငါ​တို့ ကို​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​သင့် အား​သတ်​မည်​မ​ဟုတ်။ သင့်​ကို​သတ်​လို​သူ​တို့ ၏​လက်​သို့​လည်း​ပေး​အပ်​မည်​မ​ဟုတ်'' ဟု လျှို့​ဝှက်​စွာ​က​တိ​ပေး​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ