Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 14:6

Common Language Bible

မြင်း​ရိုင်း​တို့​သည်​တောင်​ထိပ်​များ​တွင်​ရပ်​လျက် ခွေး​အ​များ​ကဲ့​သို့​အ​သက်​လု​၍​ရှူ​နေ​ကြ​၏။ သူ​တို့​သည်​အ​စာ​ငတ်​မှု​ကြောင့်​မျက်​စိ​များ မှုံ​ဝေ​လျက်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်​ပင်​လျှင်​အ​ထီး​တည်း​ကျန်​ရစ်​၍ နေ ပြည်​တော်​ကြီး​သည်​လုံး​ဝ​လူ​သူ​ဆိတ်​ငြိမ် လျက်​နေ​လိမ့်​မည်။ ထို​မြို့​တော်​ကို​စောင့်​ကြပ် ကာ​ကွယ်​ရာ​ခံ​တပ်​များ​နှင့်​အိမ်​များ​သည် လည်း ထာ​ဝ​စဉ်​ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့် မည်။ ထို​အ​ရပ်​တွင်​မြည်း​ရိုင်း​များ​လှည့်​လည် သွား​လာ​ကာ​သိုး​များ​ကျက်​စား​ကြ​လိမ့်​မည်။

သင်​သည်​တော​ကန္တာ​ရ​တွင်​နေ​သည့် မြည်း​ရိုင်း​မ​နှင့်​တူ​၏။ မိတ်​လိုက်​ချိန်​ကျ​သော​အ​ခါ၊ သူ့​အား အ​ဘယ်​သူ​တား​ဆီး​နိုင်​သနည်း။ သူ့​ကို​အ​လို​ရှိ​သူ​မြည်း​ထီး​မှန်​သ​မျှ​သည် အ​ပင်​ပန်း​ခံ​၍​ရှာ​နေ​ရန်​မ​လို။ မိတ်​လိုက်​ချိန်​၌​သူ့​အား​အ​စဉ်​တွေ့​ရှိ​နိုင်​လေ​သည်။

ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။

ကျွန်​တော်​မျိုး​တို့​သည်​စိတ်​ပျက်​၍ မျက်​ရည်​များ​ဝိုင်း​လျက်​နေ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​၏​မျက်​စိ​များ​သည် ကြည့်​၍​မ​မြင်​နိုင်​တော့​ပါ။

ကျွဲ​နွား​တို့​သည်​စား​ကျက်​များ​မ​ရှိ​သ​ဖြင့်​ဒုက္ခ​ရောက်​ကာ​မြည်​တွန်​နေ​ကြ​၏။ သိုး​အုပ်​များ​သည်​လည်း​ဒုက္ခ​ရောက်​ရ​ကြ​လေ​သည်။

ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ