ကွင်းပြင်တွင်မြက်မရှိတော့သဖြင့်သမင်မသည် မွေးခါစသားငယ်ကိုစွန့်ပစ်၍ထားရ၏။
နဿလိသည်လွတ်လပ်စွာခုန်ပေါက် ပြေးလွှားသောသမင်ဖြစ်၍ ချစ်ဖွယ်ကောင်းသောသမင်သားငယ်များ ကိုမွေးဖွား၏။
ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍ သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။ တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟု ဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
နိမရိမ်ချောင်းသည်ခန်းခြောက်လျက် ချောင်းနံ ဘေးရှိမြက်တို့သည်လည်းခြောက်သွေ့ခဲ့ပြီ ဖြစ်၍စိမ်းစိုနေသည့်အရာတစ်စုံတစ်ခု မျှမကျန်မရှိတော့ပေ။-
ကျွဲနွားတို့သည်စားကျက်များမရှိသဖြင့်ဒုက္ခရောက်ကာမြည်တွန်နေကြ၏။ သိုးအုပ်များသည်လည်းဒုက္ခရောက်ရကြလေသည်။