ယေဇကျေလ 6:11Common Language Bibleအရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
သူတို့နှင့်သူတို့ဘိုးဘေးများအားငါ ပေးအပ်ခဲ့သည့်ပြည်တွင် သူတို့တစ်စုံတစ် ယောက်မျှမကြွင်းမကျန်တော့သည့်တိုင် အောင် ငါသည်သူတို့အပေါ်သို့စစ်မက်ဘေး အန္တရာယ်ကိုလည်းကောင်း၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေးနှင့်အနာရောဂါဘေး ကိုလည်းကောင်းသက်ရောက်စေမည်'' ဟုမိန့် တော်မူ၏။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။