ယေဇကျေလ 6:10Common Language Bibleငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုလည်း ကောင်း၊ ငါကြိုတင်သတိပေးချက်များသည် အချည်းနှီးကြုံးဝါးချက်များမဟုတ် ကြောင်းကိုလည်းကောင်း သူတို့သိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါထာဝရဘုရားသည်သူတို့အားဗျာဒိတ် ပေးတော်မူသည်အတိုင်းပြုရမည်။ ကြန့်ကြာ မှုရှိတော့မည်မဟုတ်။ အချင်းပုန်ကန်တတ်သူ တို့၊ သင်တို့အားငါသတိပေးခဲ့သည့်အတိုင်း သင်တို့လက်ထက်၌ပင်ငါပြုမည်။ ဤကားငါ မိန့်မြွက်တော်မူသည့်စကားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
အရှင်ထာဝရဘုရားက``သင်တို့သည်ဣသ ရေလအမျိုးသားတို့ပြုခဲ့သည့်ဆိုးညစ် စက်ဆုပ်ဖွယ်ရာအမှုတို့ကြောင့် လက်နှစ်ဘက် ကိုရိုက်၍ခြေကိုဆောင့်ကာဝမ်းနည်းပူဆွေး လျက်ငိုကြွေးကြလော့။ သူတို့သည်စစ်ပွဲတွင် လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ အနာရောဂါဘေးတို့ဖြင့်လည်းကောင်း သေရကြလိမ့်မည်။-
သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။