Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 5:1

Common Language Bible

``အ​ချင်း​လူ​သား၊ ဋ္ဌား​ထက်​ထက်​တစ်​လက် ကို​ယူ​၍​သင်​၏​မုတ်​ဆိတ်​နှင့်​ဆံ​ပင်​ကို​ရိတ် လော့။ ထို​နောက်​ယင်း​တို့​ကို​ချိန်​ခွင်​တွင်​ထည့် ၍ အ​ညီ​အ​မျှ​သုံး​စု​ခွဲ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

``ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ၊ ထာ​ဝ​ရ ဘု​ရား​သည်​ဥ​ဖ​ရတ်​မြစ်​တစ်​ဖက်​ကမ်း​မှ အာ​ရှု​ရိ​ဘု​ရင်​တည်း​ဟူ​သော​ဆံ​ပင်​ညှပ် သ​မား​ကို​ငှား​၍​သင်​တို့​၏​မုတ်​ဆိတ်​များ ကို​လည်း​ကောင်း၊ ဆံ​ပင်​နှင့်​ကိုယ်​မွေး​များ ကို​လည်း​ကောင်း​ရိတ်​စေ​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​အိုး​တစ်​လုံး​ကို​သွား ရောက်​ဝယ်​ယူ​ရန် ငါ့​အား​စေ​ခိုင်း​တော်​မူ​၏။ ကိုယ် တော်​က​ငါ​နှင့်​အ​တူ​အ​သက်​ကြီး​သူ​ပြည်​သူ့ ခေါင်း​ဆောင်​အ​ချို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ချို့ တို့​ကို​လည်း​ခေါ်​ဆောင်​ကာ၊-

ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။-

``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-

အ​လေး​ချိန်​ဟူ​သော​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် မှာ အ​ရှင့်​အား​ချိန်​ခွင်​တွင်​ချိန်​တွယ်​၍ အ​လေး ချိန်​လျော့​နည်း​နေ​ကြောင်း​တွေ့​ရှိ​တော်​မူ​ပြီ ဟူ​၍​ဖြစ်​ပါ​၏။-

ယဇ်​ပု​ရော​ဟိတ်​သည်​သေ​ဆုံး​သူ​အ​တွက် ဝမ်း နည်း​သည့်​အ​နေ​ဖြင့်​ဆံ​ပင်​ကို​ကွက်​ကျား မ​ရိတ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှပ်​ရ။ မိ​မိ​ကိုယ်​ကို​လည်း​မ​လှီး​မ​ရှ​ရ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ