Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 4:17

Common Language Bible

သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

မြည်း​ခေါင်း​တစ်​လုံး​ကို​ငွေ​သား​ရှစ်​ဆယ်​ဖြင့် လည်း​ကောင်း၊ ခို​ချေး အ​စိတ်​သား​ကို​ငွေ​သား​ငါး​ခု​ဖြင့်​လည်း​ကောင်း ဝယ်​ယူ​ရ​သည့်​တိုင်​အောင်​ထို​မြို့​တွင်​အ​စာ ခေါင်း​ပါး​၏။

ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။-

သင်​တို့​သည်​ခေါင်း​ပေါင်း​မ​ပေါင်း​ဘဲ​ဖိ​နပ်​မ​စီး ဘဲ​သွား​လာ​ကြ​လိမ့်​မည်​မ​ဟုတ်။ မြည်​တမ်း​ငို ကြွေး​မှု​ကို​ပြု​ကြ​လိမ့်​မည်​မ​ဟုတ်။ မိ​မိ​တို့​၏ အ​ပြစ်​များ​ကြောင့်​သင်​တို့​သည်​ကြုံ​လှီ​သွား​ကာ တစ်​ဦး​ရှေ့​တွင်​တစ်​ဦး​ညည်း​တွား​ကြ​လိမ့်​မည်။-

ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။ ကိုယ်​တော်​က``အ​ချင်း လူ​သား'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ​သင်​တို့​က`ငါ​တို့​သည်​မိ​မိ တို့​အ​ပြစ်​များ၊ မိ​မိ​တို့​ပြု​သော​အ​မှား​များ ဖြင့်​ဝန်​လေး​ပင်​ပန်း​လျက်​ရှိ​ကြ​၏။ ငါ​တို့ သည်​အား​လျော့​နွမ်း​နယ်​လျက်​နေ​ကြ​၏။ အ​ဘယ်​သို့​လျှင်​ငါ​တို့​အ​သက်​ရှင်​နိုင် ကြ​ပါ​မည်​နည်း' ဟု​ဆို​ကြ​၏။-

ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။

ရန်​သူ​၏​နိုင်​ငံ​တွင်​သင်​တို့​၏​အ​မျိုး​ပြုန်း​လိမ့် မည်။ ထို​နိုင်​ငံ​တွင်​သင်​တို့​အ​နက်​ကျန်​ကြွင်း​သူ အ​နည်း​ငယ်​တို့​သည်​သင်​တို့​အ​ပြစ်​ကြောင့် လည်း​ကောင်း၊ သင်​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ် ကြောင့်​လည်း​ကောင်း​တိမ်​ကော​ပျက်​စီး​ရ​ကြ လိမ့်​မည်။

ရေ​ငတ်​လွန်း​သ​ဖြင့်​အ​ချို့​မြို့​မှ​မြို့​သား​တို့ သည် အ​နီး​အ​နား​မြို့​သို့​ပင်​ပန်း​ကြီး​စွာ​နှင့် ရေ​ရှာ​ထွက်​ကြ​သော်​လည်း သောက်​စ​ရာ​ဘို့ အ​လုံ​အ​လောက်​မ​ရ​ခဲ့​ကြ။ သို့​သော်​လည်း သင်​တို့​သည် ငါ့​ထံ​သို့​ပြန်​မ​လာ​ဘဲ​နေ ကြ​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ