Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 45:5

Common Language Bible

ကျန်​မြေ​ကွက်​တစ်​ဝက်​တွင်​ဗိ​မာန်​တော် ဝေ​ယျာ​ဝစ္စ​ကို​ဆောင်​ရွက်​ရ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​တွက်​မြို့​များ​တည်​ဆောက်​ရန်​ဖြစ် ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။

ထို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဝေ​စု​ရှိ​စေ​ရ​မည်။ ထို​ဝေ​စု​မြေ​သည်​မြောက်​ဘက်​မှ​တောင်​ဘက်​သို့​သုံး​မိုင်​ကျယ်​၍ အ​ရှေ့​ဘက်​မှ​အ​နောက်​ဘက်​သို့​ရှစ်​မိုင်​ရှိ​ရ​မည်။ ဤ​နယ်​မြေ​၏​အ​လယ်​၌​ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​တည်​ရှိ​ရ​မည်။-

လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-

သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။

``ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ရ​ရှိ​သော​နယ်​မြေ​ထဲ​မှ အ​ချို့​သော​မြို့​များ နှင့်​ပတ်​ဝန်း​ကျင်​ရှိ​စား​ကျက်​များ​ကို​လေ​ဝိ အ​နွယ်​အား​ပေး​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ