ယေဇကျေလ 45:4Common Language Bibleဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။