ယေဇကျေလ 45:12Common Language Bible``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။ နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့် ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။ (ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။) ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။ ``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။