``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။ တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။
ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။
(ဣသရေလအမျိုးသားတို့၏ချင်ခွက် ဖြစ်သောတစ်သြမဲမှာပြည်ဝက်ခန့် ဖြစ်၏။)
ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
သို့ဖြစ်၍လူတို့သည်တစ်နေ့လုံး၊ တစ်ညလုံး နှင့်နောက်တစ်နေ့လုံးငုံးငှက်များကိုဖမ်းဆီး ကြ၏။ ယုတ်စွအဆုံးလူတစ်ဦးလျှင်ငုံးငှက် တင်းငါးဆယ်မျှဖမ်းဆီးမိသည်။ သူတို့သည် စခန်းပတ်လည်တွင်ငှက်များကိုဖြန့်၍ အခြောက်လှန်းကြသည်။-