ယေဇကျေလ 44:1Common Language Bibleထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။- အခန်းကိုကြည့်ပါ။ |
ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။