Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 43:27

Common Language Bible

သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ပြီး​နောက်​အ​သုံး ပြု​နိုင်​ရန်​အ​သင့်​ထား​ရှိ​ရ​ကြ​မည်။-

လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​နှင့်​အ​ခြား​ပွဲ​နေ့​တို့​၌ ဣသ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် မီး​ရှို့​ရာ​ယဇ်​အ​တွက်​တိ​ရစ္ဆာန်​များ၊ ဘော​ဇဉ် ပူ​ဇော်​သ​ကာ​များ​နှင့်​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​သည် ဆက်​သ​ရ​သော​တာ​ဝန်​ရှိ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပြစ်​များ ပြေ​စေ​ခြင်း​ငှာ​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဘော​ဇဉ် ပူဇော်​သကာ၊ မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယဇ် တို့​အ​တွက်​စီ​မံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ငါ့​အား​ယဇ်​ပူ​ဇော်​၍​ယဇ်​ကောင် ၏​အ​သား​ကို​စား​ကြ​၏။ သို့​ရာ​တွင်​ငါ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြု​အ​စု ကို​နှစ်​သက်​တော်​မ​မူ၊ ယ​ခု​ငါ​သည်​သူ​တို့ ၏​အ​ပြစ်​ကို​သ​တိ​ရ​၍​အ​ပြစ်​အ​တွက် ဒဏ်​စီ​ရင်​မည်။ သူ​တို့​ကို​အီ​ဂျစ်​ပြည်​သို့ ပြန်​ပို့​မည်။

ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-

တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နွား​တစ်​ကောင် ကို​မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​ပူ​ဇော်​လို​လျှင် ထို​နွား​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး သို့​မ​ဟုတ်​နွား​မ​ဖြစ်​ရ​မည်။-

သိက္ခာ​တင်​မင်္ဂ​လာ​ပြီး​ဆုံး​သော​နေ့​၌ မော​ရှေ သည်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​တို့​အား​ဆင့်​ခေါ် လေ​သည်။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည်​ငါ တို့​အား​လွန်​စွာ​က​ရု​ဏာ​ထား​တော်​မူ​သော ကြောင့် သင်​တို့​အား​ငါ​တိုက်​တွန်း​နှိုး​ဆော်​လို သည်​မှာ​ကိုယ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ရန်​နှင့် ကိုယ်​တော်​နှစ်​သက်​သော​သက်​ရှိ​ယဇ်​ကောင် သ​ဖွယ်​ဖြစ်​ရန်​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သည်​ကား​သင်​တို့​သည်​ကိုယ်​တော် အား​မှန်​ကန်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ဖြစ်​သည်။-

ထို​အ​ခွင့်​ထူး​မှာ​လူ​မျိုး​ခြား​တို့​အ​တွက်​အ​မှု တော်​ဆောင်​ရန် ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ဖြစ် ရ​သော​အ​ခွင့်​ထူး​ပင်​ဖြစ်​၏။ လူ​မျိုး​ခြား​တို့ သည်​ဘု​ရား​သ​ခင်​နှစ်​သက်​ဖွယ်​ရာ​ပူ​ဇော် သကာ​အ​ဖြစ် ဘု​ရား​သ​ခင်​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​က​ဆက်​ကပ်​သူ​များ​ဖြစ်​လာ ကြ​စေ​ရန် ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​၏​လုပ်​ငန်း တာ​ဝန်​ကို​ထမ်း​ဆောင်​လျက် ဘု​ရား​သ​ခင် ထံ​တော်​မှ​သ​တင်း​ကောင်း​ကို​ဟော​ပြော ကြေ​ညာ​၏။-

ကိုယ်​တော်​ချစ်​မြတ်​နိုး​တော်​မူ​သော​သား​တော် အား​ဖြင့် ငါ​တို့​အား​အ​ခ​မဲ့​ပေး​သ​နား​တော် မူ​သည့်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကျေး​ဇူး တော်​အ​တွက် ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား ထော​မ​နာ​ပြု​ကြ​ကုန်​အံ့။

သင်​တို့​၏​ယုံ​ကြည်​ခြင်း​က​ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​ပေါ်​တွင် ငါ​၏​အ​သက်​သွေး​ကို သွန်း​လောင်း​ရ​မည်​ဆို​လျှင် ငါ​သည်​ဝမ်း​မြောက် လျက်​သင်​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​သည်။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ