ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
ဆားသည်သင်တို့နှင့်ဘုရားသခင်ပြုထား သောပဋိညာဉ်ကိုပုံဆောင်သောကြောင့် ဘော ဇဉ်သကာဟူသမျှတွင်ဆားခတ်ရမည်။ (သင်တို့ဆက်ကပ်သောပူဇော်သကာရှိသမျှ တို့တွင်ဆားခတ်ရမည်။-)
``ဣသရေလအမျိုးသားတို့ကငါ့အား ဆက်သသော အထူးပူဇော်သကာရှိသမျှတို့ ကိုသင်နှင့်သင်၏သားမြေးအစဉ်အဆက် တို့အားငါပေး၏။ ဤပဋိညာဉ်သည်ငါနှင့်သင် ၏အဆက်အနွယ်တို့ပြုထားသော ထာဝစဉ် တည်မြဲသည့်ပဋိညာဉ်ဖြစ်၏'' ဟုမိန့်တော် မူ၏။
``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။
သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။