ဤအမှုကိုပြုပြီးသောအခါအပြစ် အနာအဆာကင်းသောနွားပျိုတစ်ကောင် နှင့်သိုးထီးပျိုတစ်ကောင်ကိုယူ၍၊-
``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-
အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-