ယေဇကျေလ 33:31Common Language Bibleသို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။