Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 33:30

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​သည်​မြို့​တံ​တိုင်း​များ အ​နီး​၌​သော်​လည်း​ကောင်း၊ မိ​မိ​တို့​အိမ် တံ​ခါး​ဝ​များ​၌​သော်​လည်း​ကောင်း တွေ့​ဆုံ မိ​ကြ​သော​အ​ခါ​သင်​၏​အ​ကြောင်း​ကို ပြော​ဆို​နေ​ကြ​၏။ သူ​တို့​က​ထာ​ဝ​ရ ဘုရား​အ​ဘယ်​သို့​အ​မိန့်​တော်​ရှိ​သည်​ကို ယ​ခု​ငါ​တို့​သွား​၍​နား​ထောင်​ကြ​ကုန် အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

သူ​တို့​သည်​ငါ​၏​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ပါ​သည်​ဟူ​၍​လည်​ကောင်း၊ မှန်​ကန်​ရာ ကို​ပြု​ကျင့်​ပါ​သည်​ဟူ​၍​လည်း​ကောင်း​ပြော ဆို​ကာ ငါ့​အား​နေ့​စဉ်​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​၏​သွန်​သင်​ချက်​များ​ကို​သိ​ရှိ​လို​ကြ​၏။ သူ​တို့​သည်​ငါ့​ကို​ကိုး​ကွယ်​ဝတ်​ပြု​လို​ကြ လျက် ငါ​၏​ထံ​တွင်​တ​ရား​မျှ​တ​သည့်​စည်း မျဉ်း​ဥ​ပ​ဒေ​သ​များ​ကို​တောင်း​ခံ​ကြ​၏။

ထို​အ​ခါ ပြည်​သား​တို့​က``ယေ​ရ​မိ​ကို​ငါ​တို့ ဖယ်​ရှား​ကြ​ကုန်​အံ့။ ငါ​တို့​အား​သွန်​သင်​မည့် ယဇ်​ပု​ရော​ဟိတ်​များ၊ အ​ကြံ​ပေး​မည့်​ပ​ညာ​ရှိ များ၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​မည့်​ပ​ရော​ဖက်​များ​ထား​ရှိ​မြဲ​ရှိ​ကြ မည်​သာ​ဖြစ်​၏။ ယေ​ရ​မိ​အား​ငါ​တို့​စွဲ​ချက် တင်​ကြ​ကုန်​အံ့။ သူ​ပြော​သည့်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ကုန်​အံ့'' ဟု​ဆို ကြ​၏။

သူ​သည်​ထို​သို့​ပြော​ဆို​မည့်​အ​စား မိ​မိ​၏ အ​သိ​မိတ်​ဆွေ​များ​နှင့်​ဆွေ​မျိုး​ညာ​တိ​တို့ အား`ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​ဖြေ​ကြား တော်​မူ​ပါ​သ​နည်း။ ကိုယ်​တော်​အ​ဘယ်​သို့ မိန့်​တော်​မူ​ပါ​သနည်း' ဟူ​၍​မေး​မြန်း​ရာ​၏။-

သင်​တို့​သည်​အ​မှား​ကြီး​မှား​လျက်​နေ​ကြ ကြောင်း ယ​ခု​သင်​တို့​အား​ငါ​သ​တိ​ပေး​၏။ သင်​တို့​သည်`အ​ကျွန်ုပ်​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဆု​တောင်း ပတ္ထ​နာ​ပြု​ပါ။ ကိုယ်​တော်​နှင့်​မိန့်​မှာ​တော်​မူ သ​မျှ​ကို​လည်း​အ​ကျွန်ုပ်​တို့​အား​ပြန်​လည် ပြော​ကြား​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ရှင်​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း​ပြု​ပါ​မည်' ဟု​ဆို​၍​ငါ့​အား​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​စေ​လွှတ်​ခဲ့ ကြ​၏။-

ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။

ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။

သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​သူ​တို့ ဆက်​သ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက် သ​လျက် ရုပ်​တု​များ​အား​မိ​မိ​တို့​၏​သား သ​မီး​များ​ကို​မီး​ရှို့​ပူ​ဇော်​ကာ​ကိုယ့်​ကိုယ် ကို​ညစ်​ညမ်း​စေ​ကြ​၏။ အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​သည်​ငါ့​ထံ​သို့ လာ​၍​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း​မေး မြန်း​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ သည်​နှင့်​အ​ညီ အ​ဘယ်​သို့​မျှ​စုံ​စမ်း​မေး မြန်း​ခွင့်​ကို​သင်​တို့​အား​ပေး​မည်​မ​ဟုတ်။-

ငါ​သည်​လူ​တို့​အား​အ​ပြစ်​များ​အ​တွက်​ဒဏ် ခတ်​၍ သူ​တို့​၏​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

`ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ