``သို့ရာတွင်သင်၏အမျိုးသားချင်းတို့က ထာဝရဘုရားသည် ဖြောင့်မတ်စွာမစီရင် ဟုဆိုကြ၏။ သူတို့သာလျှင်ဖြောင့်မတ် စွာမပြုကြ။-
သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။
``သို့သော်လည်းသင်တို့က`ဘုရားရှင်စီရင် တော်မူသည်မှာမဖြောင့်ဟု' ဆိုကြ၏။ အချင်း ဣသရေလအမျိုးသားတို့ငါပြောသည် ကိုနားထောင်ကြလော့။ သင်တို့ကငါစီရင် ချက်မဖြောင့်ဟုထင်မှတ်ကြ၏။ မဖြောင့် သည့်အရာကားသင်တို့၏ပြုမူပုံပင် ဖြစ်၏။-
သို့သော်လည်းဣသရေလအမျိုးသားတို့၊ သင်တို့က`ဘုရားရှင်စီရင်တော်မူချက်သည် မဖြောင့်' ဟုဆိုကြ၏။ ငါစီရင်တော်မူချက် ကိုမဖြောင့်ဟုသင်တို့ထင်မှတ်ကြသလော။ မဖြောင့်သည့်အရာကားသင်တို့၏ပြုမူပုံ ပင်ဖြစ်၏။
သူကူးလွန်ခဲ့သည့်အပြစ်များကိုလည်း ငါသည်ဖြေလွှတ်မည်။ မှန်ရာကောင်းရာကို ပြုကျင့်သည့်အတွက်သူသည်အသက်ရှင် လိမ့်မည်။
သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ မကောင်းမှုကိုပြုသောအခါ ထိုမကောင်း မှုအတွက်သူသည်သေရလိမ့်မည်။-
ကိုယ်တော်က``တိုင်းပြည်တစ်ပြည်ကိုငါသည် စစ်ဘေးအန္တရာယ်ဆိုက်ရောက်စေသောအခါ ထိုပြည်၌အဘယ်သို့ဖြစ်သည်ကိုသင်၏ အမျိုးသားတို့အားပြောပြလော့။ ပြည်သူ ပြည်သားတို့သည်မိမိတို့အထဲမှလူ တစ်ယောက်ကိုကင်းစောင့်အဖြစ်ဖြင့်ရွေး ချယ်ရကြ၏။-
သို့ရာတွင်အချင်းဣသရေလအမျိုး သားတို့၊ သင်တို့ကထာဝရဘုရားပြု သောအမှုသည်မဖြောင့်မတ်ဟုဆိုကြ ၏။ ငါသည်သင်တို့ပြုသောအမှုကိုထောက် ၍ သင်တို့အားတရားစီရင်မည်'' ဟုမိန့် တော်မူ၏။