Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 33:16

Common Language Bible

သူ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ငါ​သည်​ဖြေ​လွှတ်​မည်။ မှန်​ရာ​ကောင်း​ရာ​ကို ပြု​ကျင့်​သည့်​အ​တွက်​သူ​သည်​အ​သက်​ရှင် လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။ အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​အ​မှု​ကို ယ​ခု​စဉ်း​စား​ဆုံး​ဖြတ်​ကြ​ပါ​စို့။ သင်​တို့​သည်​အ​ပြစ်​သွေး​စွန်း​လျက်​ရှိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​အောင် ဆေး​ကြော​တော်​မူ​မည်။ သင်​တို့​သည်​အ​ပြစ်​သွေး​ဖြင့်​နီ​မြန်း​လျက်​နေ​သော်​လည်း ဝါ​ဂွမ်း​ကဲ့​သို့​ဖြူ​ဖွေး​၍​လာ​လိမ့်​မည်။-

သို့​သော်​လည်း​ငါ​သည်​မိ​မိ​၏​ဂုဏ်​သိက္ခာ​ကို ထောက်​၍၊ သင်​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​သော အ​ရှင် ဘု​ရား​သ​ခင်​ဖြစ်​ပေ​သည်။

ငါ​သည်​သင်​တို့​၏​အ​ပြစ်​များ​ကို မိုး​တိမ်​သ​ဖွယ် လွင့်​စင်​သွား​စေ​ပြီ။ ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ သင်​တို့​ကို ကယ်​တင်​သူ​ကား​ငါ​ပင်​ဖြစ်​၏။''

သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-

ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-

``သို့​ရာ​တွင်​သင်​၏​အ​မျိုး​သား​ချင်း​တို့​က ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​စွာ​မ​စီ​ရင် ဟု​ဆို​ကြ​၏။ သူ​တို့​သာ​လျှင်​ဖြောင့်​မတ် စွာ​မ​ပြု​ကြ။-

ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​နှင့်​လူ​တစ်​ယောက် ၏​အ​ပြစ်​ကွာ​ခြား​၏။ တစ်​ဦး​အ​ပြစ်​ကူး​သော အ​ခါ​ပြစ်​ဒဏ်​စီ​ရင်​ချက်​ချ​မှတ်​ပါ​က အ​ပြစ်​များ​စွာ​ကူး​ကြ​သော​အ​ခါ မ​ထိုက် မ​တန်​သော်​လည်း​အ​ပြစ်​မ​ရှိ​ဟု​စီ​ရင်​ချက် မှတ်​သ​တည်း။-

သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​သေ​ခြင်း​တ​ရား အား​ဖြင့် စိုး​မိုး​ခဲ့​သည်​နည်း​တူ​ငါ​တို့​၏​အ​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အား​ထာ​ဝ​ရ​အ​သက် ကို​ရ​စေ​ရန်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​အား​ဖြင့်​စိုး​မိုး​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ