Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 29:8

Common Language Bible

သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​ဋ္ဌား​လက်​နက်​စွဲ ကိုင်​သူ​တို့​အား​သင့်​ကို​တိုက်​ခိုက်​ရန်​စေ​လွှတ် မည်။ သူ​တို့​သည်​သင်​၏​လူ​များ၊ တိ​ရစ္ဆာန်​များ ကို​သတ်​ဖြတ်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-

``ထို​နေ့​ည​တွင်​ငါ​သည် အီ​ဂျစ်​ပြည်​ကို​ဖြတ် သန်း​ကြွ​သွား​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​သား​ဦး ရှိ​သ​မျှ​တို့​ကို​သေ​ဒဏ်​ခတ်​၍ အီ​ဂျစ်​ပြည် ရှိ​ဘု​ရား​အ​ပေါင်း​တို့​ကို​ဒဏ်​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။-

ဤ​ပြည်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​ကင်း​မဲ့​သည့် သဲ​ကန္တာ​ရ​ကဲ့​သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း ကောင်း၊ ဗာ​ဗု​လုန်​ပြည်​သား​တို့​၏​လက်​တွင်း သို့​ကျ​ရောက်​ရ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း လူ​တို့​ပြော​ဆို​နေ​ကြ​၏။ သို့​ရာ​တွင်​ဤ ပြည်​ရှိ​လယ်​ယာ​များ​ကို​အ​ရောင်း​အ​ဝယ် ပြု​လုပ်​ကြ​လိမ့်​မည်။-

သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။

``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-

သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ် ပြည်​၏​ဋ္ဌ​န​အင်​အား​ကို​ပ​ပျောက်​စေ​ရန် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ကို​အ​သုံး​ပြု​မည်။-

အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ