Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 29:7

Common Language Bible

သူ​တို့​သည်​သင်​၏​အ​ပေါ်​သို့​အား​ပြု​လိုက် သော​အ​ခါ သင်​သည်​ကျိုး​ပြတ်​၍​သူ​တို့​၏ ပ​ခုံး​များ​ကို​ထိ​ရှ​ကာ​သူ​တို့​၏​ခါး​များ ကို​လိမ်​ဆွဲ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို​စောင့် စား​လျက်​နေ​၏။ သို့​သော်​ထို​ပြည်​ကို​အား​ကိုး ခြင်း​သည် ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး ပြု​ခြင်း​နှင့်​တူ​ပေ​သည်။ ထို​ကူ​ရိုး​သည်​ကျိုး​၍ သင်​၏​လက်​ကို​စူး​လိမ့်​မည်။ အီ​ဂျစ်​ဘု​ရင်​ကား သူ့​ကို​အား​ကိုး​သူ​အ​ဖို့ ထို​အ​ရိုး​နှင့်​တူ​သည်' ဟု​မိန့်​တော်​မူ​သည်'' ဟု​ပြော​၏။

ဆူ​ဒန်​ပြည်​ကို​ယုံ​ကြည်​ကိုး​စား​ကာ အီ​ဂျစ်​ပြည် အ​ကြောင်း​ကို​ဝါ​ကြွား​ပြော​ဆို​ကြ​သူ​တို့​သည် မျှော်​လင့်​ခြင်း​ပျက်​ပြား​လျက် အ​မြင်​မှန်​ရ​ရှိ လာ​ကြ​လိမ့်​မည်။-

သို့​ရာ​တွင်​ထို​ပြည်​သည်​သူ​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​နိုင်​လိမ့်​မည်​မ​ဟုတ်။ အီ​ဂျစ်​ပြည် ၏​ကာ​ကွယ်​စောင့်​ရှောက်​မှု​သည်​လည်း တိုင်း ပြည်​ပျက်​ပြုန်း​မှု​တွင်​အ​ဆုံး​သတ်​လိမ့်​မည်။-

သင်​တို့​သည်​အီ​ဂျစ်​ပြည်​၏​အ​ကူ​အ​ညီ​ကို စောင့်​စား​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ထို​ပြည် ကို​အား​ကိုး​ခြင်း​သည်​ကျိုး​၍​လက်​စူး​တတ် သည့်​ကူ​ရိုး​ကို​တောင်​ဝှေး​အ​ဖြစ်​အ​သုံး​ပြု သည်​နှင့်​တူ​၏။ အီ​ဂျစ်​ဘု​ရင်​ကား​မိ​မိ​တို့ မှီ​ခို​အား​ကိုး​သူ​ရှိ​လာ​ချိန်​၌​ကူ​ရိုး​နှင့် သာ​တူ​သ​တည်း'' ဟု​ပြော​၏။

ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ အား နောင်​အ​ဘယ်​အ​ခါ​၌​မျှ​မှီ​ခို​အား ကိုး​ကြ​တော့​မည်​မ​ဟုတ်။ ယင်း​သို့​အား ကိုး​မိ​ခဲ့​သည့်​အ​တွက်​မိ​မိ​တို့​အ​ဘယ် မျှ​မှား​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​ကြုံ​တွေ့​ရ​သည့် ကံ​ကြမ္မာ​က​ပြန်​လည်​သ​တိ​ရ​စေ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။

သီ​ဘီ​မြို့​သည်​ဆူ​ဒန်​နှင့်​အီ​ဂျစ်​ကို​အုပ်​စိုး​သည်။ တိုင်း​မ​သိ​သော​တန်​ခိုး​အာ​ဏာ​နှင့်​ပြည့်​စုံ​ပေ သည်။ လိ​ဗု​ပြည်​သည်​အီ​ဂျစ်​ပြည်​၏​မ​ဟာ မိတ်​ဖြစ်​သော်​လည်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ