ယေဇကျေလ 26:19Common Language Bibleအရှင်ထာဝရဘုရားက``ငါသည်သင့်အား လူသူမနေသည့်မြို့ပျက်များကဲ့သို့ဖြစ်စေ မည်။ သမုဒ္ဒရာရေကိုယူဆောင်ခဲ့၍ ပင်လယ်ရေ ဖြင့်ဖုံးလွှမ်းစေမည်။- အခန်းကိုကြည့်ပါ။ |
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-