Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 26:18

Common Language Bible

ယင်း​မြို့​ပြို​လဲ​သော​နေ့​၌​ကမ်း​ခြေ​ဒေ​သ တို့​သည် တုန်​လှုပ်​ကြ​ကုန်​၏။ ပင်​လယ်​ထဲ​ရှိ​ကျွန်း​များ​တို့​သည်​လည်း​ဤ​မြို့ ပျက်​စီး​ရ​ပုံ​ကို​မြင်​၍​ကြောက်​လန့်​ကြ​၏။'' ဟူ​၍​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``ရပ်​ဝေး​နိုင်​ငံ​များ​မှ​လူ​တို့​သည်​ငါ​ပြု သည့်​အ​မှု​ကို တွေ့​မြင်​ရ​ကြ​လေ​ပြီ။ သူ​တို့​သည်​ထိတ်​လန့်​လျက်​ကြောက်​ဒူး​တုန်​၍ နေ​ကြ​သ​ဖြင့် လာ​ရောက်​စု​ဝေး​ကြ​ကုန်​၏။

ဧ​ဒုံ​ပြည်​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ​သော အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့်​ကမ္ဘာ​မြေ​ကြီး သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက်​လန့် အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း အ္ဂ​ဗာ​ပင်​လယ်​ကွေ့​တိုင်​အောင်​ကြား​ရ ကြ​လိမ့်​မည်။-

ဗာ​ဗု​လုန်​မြို့​ပြို​လဲ​သော​အ​ခါ​ကြီး​စွာ သော​အ​သံ​ဖြစ်​ပေါ်​လာ​သ​ဖြင့် ကမ္ဘာ​မြေ ကြီး​သည်​တုန်​လှုပ်​၍​သွား​လိမ့်​မည်။ ကြောက် လန့်​အော်​ဟစ်​ကြ​သော​အ​သံ​များ​ကို​လည်း လူ​မျိုး​တ​ကာ​တို့​ကြား​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

တု​ရု​မြို့​အား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား``သင့်​အား​ရန်​သူ​တို့​တိုက် ခိုက်​အောင်​မြင်​နေ​ချိန်​၌ အ​သတ်​ခံ​ရ​သူ​တို့ နှင့်​ဒဏ်​ရာ​ရ​သူ​တို့​အော်​ဟစ်​သံ​များ​ကြောင့် ပင်​လယ်​ကမ်း​ခြေ​တစ်​လျှောက်​တွင်​နေ​ထိုင် ကြ​သူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ လိမ့်​မည်။-

``ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း တို့​သည်​သင်​၏​ကံ​ကြမ္မာ​ကို​မြင်​၍​တ​အံ့​တ သြ​ဖြစ်​ကြ​ကုန်​၏။ သူ​တို့​၏​ဘု​ရင်​များ​ပင် လျှင်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လျက် မျက်​နှာ​တွင် သွေး​မ​ရှိ​ကြ​တော့​ပေ။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ