Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:25

Common Language Bible

ငါ​သည်​မ​နာ​လို​၍​အ​မျက်​ထွက်​သ​ဖြင့်​သင့် ကို​အ​မျက်​ဒေါ​သ​နှင့်​စီ​ရင်​ရန်​သူ​တို့​အား ခွင့်​ပြု​မည်။ သူ​တို့​သည်​သင်​၏​နှာ​ခေါင်း​နှင့်​နား ရွက်​တို့​ကို​ဖြတ်​၍ ကျန်​ရှိ​နေ​သေး​သော​သူ​များ သည်​ဋ္ဌား​ဖြင့်​သေ​ရ​မည်။ သင်​၏​သား​သ​မီး​များ ကို​ယူ​ဆောင်​သွား​ကြ​လိမ့်​မည်။ သူ​တို့​သည် အ​မှန်​ပင်​ကျန်​ရှိ​နေ​သေး​သော​သူ​များ​ကို မီး​ရှို့​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြိုင်​ဖက်​ကို​လက် မ​ခံ​သော​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည် အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး​ကွယ်​ရ။-

အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။

သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။

သူ​တို့​သည်​သင့်​ကို​မုန်း​၍​သင်​စု​ဆောင်း​ထား သ​မျှ​သော​ပစ္စည်း​ဥစ္စာ​တို့​ကို​ယူ​၍ သင့်​အား အ​ဝတ်​အ​ချည်း​စည်း​နှင့်​ထား​ခဲ့​ကြ​လိမ့်​မည်။ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ရှိ​သူ​ပြည့် တန်​ဆာ​ကဲ့​သို့​ဖြစ်​စေ​ကြ​လိမ့်​မည်။ သင်​သည် တ​ဏှာ​ရာ​ဂ​စိတ်​ရှိ​မှု​ကြောင့်၊ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​ကိုင်​မှု​ကြောင့်၊-

သူ​တို့​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​ခုတ်​လော့။ သူ တို့​၏​သား​သမီး​တို့​ကို​သတ်​၍​အိမ်​များ​ကို​မီး ရှို့​စေ​လော့။-

ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။-

ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-

ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ