Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 23:24

Common Language Bible

သူ​တို့​သည်​စစ်​လက်​နက်​စစ်​မြင်း​ရ​ထား​များ၊ ရိက္ခာ​လှည်း​များ​ကို​ယူ​ဆောင်​ကာ ကြီး​မား​သော စစ်​သည်​အ​လုံး​အ​ရင်း​နှင့်​သင့်​အား​တိုက်​ခိုက် ကြ​လိမ့်​မည်။ ဒိုင်း​လွှား​များ​ကို​ကိုင်​ဆောင်​လျက် သံ​ခ​မောက်​များ​ကို​ဆောင်း​၍​သင့်​ကို​ဝိုင်း​ရံ ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​သူ​တို့​၏​လက် သို့​ပြစ်​ဒဏ်​ခံ​ရန်​အပ်​နှံ​မည်။ သူ​တို့​သည် လည်း​မိ​မိ​တို့​တ​ရား​ဥ​ပ​ဒေ​များ​အ​ရ သင့်​ကို​တ​ရား​စီ​ရင်​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​က``ငါ​သည်​အ​လွန်​ဆိုး​ရွား​သည့် အ​ခြေ​အ​နေ​နှင့်​ကြုံ​တွေ့​ရ​ပါ​သည်​တ ကား။ လူ့​လက်​ဖြင့်​ဒဏ်​မ​ခံ​ရ​ပါ​စေ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ပင်​ဒဏ်​ပေး​တော်​မူ​ပါ စေ။ ကိုယ်​တော်​သည်​က​ရု​ဏာ​ထား​တော် မူ​တတ်​သော​အ​ရှင်​ဖြစ်​ပါ​၏'' ဟု​ဂဒ် အား​ဆို​၏။-

သူ​တို့​သည်​မြင်း​ခွာ​သံ​များ​နှင့်​မြင်း​ရ​ထား ဘီး​လည်​သံ​များ​ကို​ကြား​ရ​ကြ​လိမ့်​မည်။ ဖ​ခင်​များ​သည်​မိ​မိ​တို့​သား​သ​မီး​များ​ကို ပြန်​မ​ကြည့်​ကြ။ သူ​တို့​၏​လက်​များ​သည်​လည်း​အား​လျော့​၍ တွဲ​ကျ​လျက်​ရှိ​လိမ့်​မည်။

ထို​နောက်​ဇေ​ဒ​ကိ​၏​မျက်​စိ​များ​ကို​ဖောက် စေ​၍​သူ့​အား​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​ရန်​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​စေ​၏။ ဇေ​ဒ​ကိ​သည်​သေ​သည်​တိုင်​အောင်​ဗာ​ဗု​လုန် မြို့​တွင်​ထောင်​ထဲ​၌​နေ​ရ​လေ​၏။

ရန်​သူ​တို့​သည်​ဇေ​ဒ​ကိ​ကို​ဖမ်း​ဆီး​ပြီး​လျှင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ရှိ​ရာ​ဟာ​မတ်​နယ်​မြေ၊ ရိ​ဗ​လ​မြို့​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို အ​ရပ်​၌​ပင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ဇေဒကိ အ​ပေါ်​တွင်​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​၏။-

ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-

ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-

ထို​မိန်း​မ​နှစ်​ယောက်​တို့​သည်​မျောက်​မ​ထား​သူ၊ လူ​သတ်​သူ​များ​ဖြစ်​သ​ဖြင့်​သူ​တို့​အား​ဖြောင့် မတ်​သော​သူ​တို့​သည် မျောက်​မ​ထား​မှု​နှင့်​လူ သတ်​မှု​တို့​ကို​ကူး​လွန်​သူ​များ​အ​ဖြစ်​ဖြင့် စီ​ရင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဘု​ရင်​တ​ကာ​တို့ တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​အား တု​ရု​မြို့​ကို တိုက်​ခိုက်​ရန်​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​သည် ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​လျက်၊ မြင်း များ​စစ်​မြင်း​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ များ​နှင့်​တ​ကွ​ကြီး​မား​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ တက်​လာ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ