Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 21:24

Common Language Bible

သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။

သူ​တို့​က​မိ​မိ​တို့​သည်​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​ပါ​မည်​နည်း​ဟု သင့်​အား​မေး​သော အ​ခါ​ဤ​သို့​ပြော​ကြား​လော့။ ``သင်​တို့​အ​ချို့​သည်​အ​နာ​ရော​ဂါ​ဘေး သင့်​ပြီး သေ​ရ​ကြ​မည်​ဖြစ်​၍ အ​နာ​ရော​ဂါ​ဖြစ်​ပွား​ရာ​သို့​လည်း​ကောင်း၊ အ​ချို့​တို့​မှာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည်​ဖြစ်​၍ စစ်​မက်​ဖြစ်​ပွား​ရာ​သို့၊အ​ချို့​တို့​ကား​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍ သေ​ရ​ကြ​မည်​ဖြစ်​၍​ငတ်​မွတ်​ခေါင်း​ပါး​ရာ​သို့၊ အ​ချို့​သူ​တို့​မှာ​မူ​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ​မည်​ဖြစ်​၍၊ အ​ဖမ်း​ခံ​ရ​ကြ​မည့်​အ​ရပ်​သို့​သွား​ရ​မည်​ဟု'' ငါ​အား​မိန့်​တော်​မူ​၏။''

ဖောက်​ထွင်း​ခိုး​ယူ​မှု​အ​တွက်​သင်​တို့​ဖမ်း​မ​မိ သော်​လည်း ထို​ဆင်း​ရဲ​သား​များ၊ အ​ပြစ်​မဲ့​သူ များ​၏​သွေး​နှင့် သင်​တို့​၏​အ​ဝတ်​များ​သည် စွန်း​ကွက်​လျက်​ရှိ​၏။ ``သို့​ပါ​လျက်

တောင်​ထိပ်​တို့​ကို​မျှော်​၍​ကြည့်​ကြ​လော့။ ပြည့် တန်​ဆာ​ကဲ့​သို့ သင်​မ​ပြု​မ​ကျင့်​ဘဲ​နေ​ခဲ့​သည့် အ​ရပ်​တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ အာ​ရပ်​အမျိုး သား​သည်​တော​ကန္တာ​ရ​တွင်​လု​ယက်​တိုက်​ခိုက် ရန်​စောင့်​မျှော်​နေ​သ​ကဲ့​သို့၊ သင်​သည်​လမ်း​နံ ဘေး​တို့​တွင်​ချစ်​သူ​များ​ကို​စောင့်​မျှော်​နေ​ခဲ့ ၏။ သင်​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​မှု​နှင့်​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ဤ​ပြည်​ကို​ညစ်​ညမ်း စေ​လေ​ပြီ။-

သူ​တို့​သည်​စက်​ဆုတ်​သည့်​အ​မှု​တို့​ကို​ပြု​ကျင့် သည့်​အ​တွက်​ရှက်​ကြ​ပါ​သ​လော။ အ​လျှင်း မ​ရှက်​ကြ။ ရှက်​သွေး​ရောင်​ပင်​မ​သန်း​ကြ။ သို့ ဖြစ်​၍​သူ​တို့​သည်​အ​ခြား​သူ​များ​နည်း​တူ ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ​သူ​တို့​သည်​ဆုံး​ခန်း​သို့​ရောက်​ကြ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။

ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-

``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-

ဗာ​ဗု​လုန်​နှင့်​ခါ​လ​ဒဲ​ပြည်​သား​များ၊ ပေ​ကုတ်၊ ရှော့​နှင့်​ကော့​မှ​လူ​တို့​နှင့်​အာ​ရှု​ရိ​ပြည်​သား အ​ပေါင်း​ကို​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​တို့​အား လုံး​သည်​ရုပ်​ရည်​ချော​၍ ပျို​ရွယ်​သူ​မှူး​မတ် အ​ရာ​ရှိ​များ၊ မြင်း​ရ​ထား​တပ်​အ​ရာ​ရှိ​များ နှင့်​အ​ဆင့်​အ​တန်း​မြင့်​သော​မြင်း​တပ်​ဗိုလ် များ​ဖြစ်​ကြ​၏။-

ထို​မြို့​ထဲ​၌​လူ​သတ်​မှု​ဖြစ်​ပွား​ခဲ့​၏။ သို့ ရာ​တွင်​သွေး​သည်​မြေ​ပေါ်​သို့​မ​ကျ။ ရှင်း လင်း​သော​ကျောက်​သား​ပေါ်​သို့​ကျ​သ​ဖြင့် မြေ​မှုန့်​နှင့်​ဖုံး​အုပ်​ထား​ရန်​မ​ဖြစ်​နိုင်။-

သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ