ယေဇကျေလ 21:23Common Language Bibleယေရုရှလင်မြို့သူမြို့သားတို့သည်ဗာဗု လုန်မင်းနှင့် မိမိတို့ချုပ်ဆိုထားသည့်စစ်ပြေ ငြိမ်းခြင်းစာချုပ်များရှိသဖြင့် ဤသို့ကြို တင်ဟောကိန်းထွက်သည်ကိုယုံကြလိမ့်မည် မဟုတ်။ သို့ရာတွင်သူတို့အားမိမိတို့၏ အပြစ်များကိုပြန်လည်သတိရစေ၍ သူတို့အဖမ်းခံရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-
သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား သင်တို့၏ပုန်ကန်မှုကြောင့်သင်တို့ ၏အပြစ်များကိုအမှတ်ရစေပြီ။ သင်တို့၏ အကျင့်အကြံဟူသမျှက သင်တို့၏အပြစ် များကိုပေါ်လွင်လာစေ၏။ သင်တို့ဤသို့ ပြုသည်ဖြစ်၍ ငါသည်သင်တို့ကိုရန်သူ များ၏လက်သို့ပေးအပ်မည်။
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။