ယေဇကျေလ 18:13Common Language Bibleသူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-