ယေဇကျေလ 18:12Common Language Bibleသူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အထဲမှ အသက်ကြီးသူများနှင့်ဦးစီး ခေါင်းဆောင်များအားတရားစီရင်တော်မူ ပေအံ့။ သူတို့အားကိုယ်တော်က``သင်တို့သည် စပျစ်ဥယျာဉ်များကိုလုယက်ကြလေပြီ။ သင်တို့၏အိမ်များသည်လည်းဆင်းရဲသူ တို့ထံမှသိမ်းယူထားသည့်ဥစ္စာပစ္စည်းများ နှင့်ပြည့်လျက်နေ၏။-
`ငါထာဝရဘုရားသည်သင်တို့ကိုဖြောင့် မတ်မှန်ကန်သည့်အမှုများကိုပြုကျင့်ကြ ရန်မှာကြား၏။ သင်တို့သည်အလိမ်ခံရသူ အားလိမ်လည်သူ၏ဘေးမှကာကွယ်စောင့် ရှောက်ကြလော့။ လူမျိုးခြားများ၊ မိဘမဲ့ သူများ၊ သို့မဟုတ်မုဆိုးမများအားမ တရားသည့်အမှုကိုလည်းကောင်း၊ ညှင်းပန်း နှိပ်စက်မှုကိုလည်းကောင်းမပြုကြနှင့်။ ဤသန့်ရှင်းရာဌာနတော်တွင်အပြစ်မဲ့ သူတို့ကိုမသတ်ကြနှင့်။-
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။