Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:16

Common Language Bible

ထို​ဘီး​အား​လုံး​သည်​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ တောက်​ပ​လျက်​တစ်​ခု​နှင့်​တစ်​ခု​တူ​ကြ​၏။ ဘီး​တိုင်း​တွင်​အ​လယ်​မှ​ထောင့်​မှန်​ကန့်​လန့်​ဖြတ်​၍​နေ​သော​ဘီး​တစ်​ခု​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဘီး​တို့​သည်​ရ​ထား​ဘီး​နှင့်​တူ​၍​ဝင်​ရိုး​များ၊ ခွေ​များ၊ ထောက်​များ၊ ပုံ​တောင်း​များ​ကို​ကြေး ဝါ​ဖြင့်​ပြု​လုပ်​ထား​၏။-

စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။

ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် များ​စွာ​သော​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​နှင့်​နှိုင်း​ယှဉ်​နိုင်​သူ​တစ်​ယောက် မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​တို့​အ​တွက် ကြံ​စည်​သော​အ​ကြံ​အ​စည်​တော်​တို့​သည် အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ ထို​အ​မှု​အ​ရာ​တို့​သည်​များ​ပြား​လှ​သ​ဖြင့် ယင်း​တို့​ကို​မ​ရေ​မ​တွက်​နိုင်​ပါ။

စ​တုတ္ထ​အ​တန်း​တွင်​မျက်​ရွဲ၊ ကြောင်​နှင့်​န​ဂါး သွဲ့​ကျောက်​တို့​ကို ရွှေ​ပန်း​ထည်​များ​၌​ထည့် သွင်း​ထား​၏။-

ခြေထောက်တော်တို့သည် ရွှေစင်ဘိနပ်ပေါ်၌ တည်သော ကျောက်ဖြူတိုင်နှင့်တူကြ၏။ မျက်နှာတော် သည် လေဗနုန်တောင်ကဲ့သို့ဖြစ်၍၊ အာရဇ်ပင်ကဲ့သို့ ထူးမြတ်ပေ၏။

သူ​၏​ခန္ဓာ​ကိုယ်​သည်​ကျောက်​မျက်​ရ​တ​နာ ကဲ့​သို့​တောက်​ပ​၏။ သူ​၏​မျက်​နှာ​သည်​လျှပ် စစ်​နွယ်​ကဲ့​သို့​ပြောင်​လက်​လျက် သူ​၏​မျက်​စိ များ​သည်​မီး​ကဲ့​သို့​အ​လျှံ​ထ​လျက်​နေ​၏။ သူ​၏​လက်​ခြေ​တို့​သည် တိုက်​ချွတ်​ထား​သော ကြေး​ဝါ​ကဲ့​သို့​တောက်​ပ​၍ သူ​၏​အ​သံ သည်​လူ​ပ​ရိတ်​သတ်​ကြီး​၏​အော်​ဟစ်​သံ နှင့်​တူ​၏။

ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-

ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ