Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ဇ​ကျေ​လ 1:15

Common Language Bible

ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

လှည်း​တစ်​စီး​လျှင်​ကြေး​ဝါ​ဘီး​လေး​ခု​နှင့်​ကြေး ဝင်​ရိုး​များ​ရှိ​၏။ လှည်း​၏​ထောင့်​လေး​ခု​၌​အင်​တုံ တင်​ရန်​အ​တွက် ကြေး​ဝါ​ထောက်​တိုင်​လေး​ခု​ရှိ​၏။ ထို​ထောက်​တိုင်​တို့​ကို​ပန်း​ဆိုင်း​များ​ဖြင့်​ရုပ်​လုံး ဖော်​၍​တန်​ဆာ​ဆင်​ပြီး​နောက်၊-

သို့​ရာ​တွင်​သူ​တို့​၌​မျက်​နှာ​လေး​ခု​နှင့်​တောင်​ပံ​လေး​ခု​စီ​ရှိ​၏။-

ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-

ထို​သတ္တ​ဝါ​တို့​၏​နံ​ဘေး​၌​ရ​ထား​ဘီး​တစ် ခု​စီ​ရှိ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​ရ​၏။ ထို ဘီး​တို့​သည်​ကျောက်​မျက်​ရ​တ​နာ​များ​ကဲ့ သို့​အ​ရောင်​အ​ဝါ​ထွက်​လျက်​နေ​၏။ ယင်း​တို့ သည်​ပုံ​သဏ္ဌာန်​အ​ရွယ်​အ​စား​ချင်း​တူ​ညီ ကြ​လျက် ဘီး​တိုင်း​တွင်​အ​ခြား​ဘီး​တစ်​ခု က​ကန့်​လန့်​ဖြတ်​ထောင့်​မှန်​ကျ​ကျ​တပ်​ဆင် ထား​၏။-

သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-

ငါ​သည်​ကြည့်​ရှု​နေ​စဉ်​ရာ​ဇ​ပလ္လင်​များ​ကို​တည်​ထား​သည်​ကို​လည်း​ကောင်း၊ တစ်​ခု​သော​ပလ္လင်​ပေါ်​တွင်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင် ထိုင်​လျက်​နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​မြင်​ရ​၏။ ထို​အ​ရှင်​၏​အ​ဝတ်​တို့​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၍​ဆံ​တော်​သည်​လည်း​သိုး​မွေး​စစ်​နှင့်​တူ​၏။ ရဲ​ရဲ​တောက်​နေ​သော​ဘီး​များ​တပ်​ဆင်​ထား​သည့်​ကိုယ်​တော်​၏​ပလ္လင်​တော်​သည်​မီး​လျှံ​ထ​လျက်​နေ​၏။-

ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ