Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 9:6

Common Language Bible

ထို​နောက်​သူ​တို့​သည်​ဂိ​လ​ဂါ​လ​အရပ်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော ယော​ရှု​နှင့်​ဣ​သ​ရေ​လ အမျိုး​သား​တို့​ထံ​သို့​လာ​ရောက်​ကြ​၍``အ​ကျွန်ုပ် တို့​သည်​သင်​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ် ဆို​ရန်​အ​ဝေး​အ​ရပ်​မှ​လာ​ခဲ့​ကြ​ပါ​သည်'' ဟု​ဆို​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

``ရပ်​ဝေး​တွင်​နေ​ထိုင်​သည့်​တိုင်း​တစ်​ပါး​သား တစ်​ဦး​သည် ကိုယ်​တော်​၏​ဂုဏ်​သ​တင်း​တော်​ကို လည်း​ကောင်း၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အ​တွက် ပြု​တော်​မူ​သော​ကြီး​မြတ်​သည့်​အ​မှု​တော်​များ အ​ကြောင်း​ကို​လည်း​ကောင်း​ကြား​ရ​သ​ဖြင့် ကိုယ် တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဤ​ဗိ​မာန်​တော် သို့​လာ​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ၊-

ထို​နောက်​ဟေ​ရှာ​ယ​သည်​ဟေ​ဇ​ကိ​မင်း​ထံ​သွား ၍``ထို​သူ​တို့​သည်​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​ပါ သ​နည်း။ သူ​တို့​က​အ​ရှင်​အား​အ​ဘယ်​သို့​တင် လျှောက်​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ ဟေ​ဇ​ကိ က``သူ​တို့​သည်​အ​လွန်​ဝေး​သော​ဗာ​ဗု​လုန် ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​၏။

ထို​နောက်​ယော​ရှု​နှင့်​ဣ​သ​ရေ​လ​တပ်​သား အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​စခန်း​သို့​ပြန် လာ​ကြ​လေ​သည်။

ထို​အ​ခါ​ဂိ​ဗောင်​မြို့​သား​တို့​သည်​ဂိ​လ ဂါ​လ​စ​ခန်း​တွင်​ရှိ​သော​ယော​ရှု​ထံ​သို့ လူ​စေ​လွှတ်​၍``ကိုယ်​တော်​၏​ကျွန်​တို့​ကို​စွန့်​ပစ် ထား​တော်​မ​မူ​ပါ​နှင့်။ အ​လျင်​အ​မြန်​ကြွ ၍​အ​ကျွန်ုပ်​တို့​အား​ကယ်​တင်​တော်​မူ​ပါ။ တောင်​ကုန်း​ဒေ​သ​မှ​အာ​မော​ရိ​မင်း​အ​ပေါင်း တို့​သည်​စု​ပေါင်း​၍​အ​ကျွန်ုပ်​တို့​အား​တိုက် ခိုက်​ပါ​ပြီ'' ဟု​အ​ကြောင်း​ကြား​လျှောက် ထား​လေ​သည်။

လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-

သူ​တို့​သည်​အ​ဝတ်​အ​စုတ်​အ​ပြဲ​များ​ကို ဝတ်​ဆင်​၍ ဟောင်း​နွမ်း​သော​ဖိ​နပ်​များ​ကို​စီး ကြ​သည်။ ခြောက်​သွေ့​၍​မှို​တက်​သော​အ​စား အ​စာ​များ​ကို​ယူ​ဆောင်​ကြ​သည်။-

ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ် တော်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ တန်​ခိုး​တော်​အ​ကြောင်း​ကို ကြား​သိ​ရ​သ​ဖြင့် အ​လွန်​ဝေး​သော​ပြည်​မှ​လာ​ခဲ့​ကြ​ပါ​သည်။ အီ​ဂျစ်​ပြည်​တွင်​ပြု​တော်​မူ​ခဲ့​သ​မျှ​ကို လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ