သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-
ဖခင်က `အကောင်းဆုံးသောဝတ်လုံကိုအမြန် ယူခဲ့၍သူ့အားဝတ်ပေးကြ။ သူ၏လက်၌လက် စွပ်ကိုဆင်ပေးကြ။ ဖိနပ်ကိုစီးပေးကြ။-
ထာဝရဘုရားသည်သင်တို့အားနှစ်ပေါင်း လေးဆယ်ပတ်လုံး တောကန္တာရခရီးဖြင့်ပို့ ဆောင်တော်မူခဲ့စဉ်အတွင်း သင်တို့၏အဝတ် အင်္ကျီများမဟောင်းမနွမ်း၊ သင်တို့၏ဖိနပ် များလည်းမစုတ်မပြတ်ခဲ့ရ။-
သူသည်မြို့တို့ကိုသံတံခါးများဖြင့်ကာကွယ် ပါစေ။ သူသည်ထာဝစဉ်လုံခြုံစွာနေထိုင်ရပါစေ။''
အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။