Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:20

Common Language Bible

ထို​အ​ခါ​အာခန်​က``အ​ကျွန်ုပ်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​မိ​ခဲ့​ကြောင်း​ဝန်​ခံ​ပါ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​အ​ချင်း​ချင်း​က``အ​ကယ်​စင်​စစ် ငါ​တို့​ညီ​အား​ပြု​ခဲ့​သ​မျှ​အ​တွက် ယ​ခု​ငါ​တို့ ခံ​ရ​ကြ​လေ​ပြီ။ သ​နား​ညှာ​တာ​ရန်​ငါ​တို့​၏​ညီ က​တောင်း​ပန်​သော​အ​ခါ ငါ​တို့​သည်​သူ​၏​စိတ် ဆင်း​ရဲ​ခြင်း​ကို​မြင်​လျက်​နှင့်​သူ့​အား​မ​သ​နား မ​ညှာ​တာ​ခဲ့​ချေ။ ထို့​ကြောင့်​ငါ​တို့​သည်​ယ​ခု ဝဋ်​လည်​နေ​ရ​ကြ​၏'' ဟု​ပြော​ဆို​ကြ​၏။

သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊

လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။

ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ်​များ​ကို ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ယင်း​အ​ပြစ်​များ​ကြောင့်​စိုး​ရိမ်​ပူ​ပန်​ပါ​၏။

ထို​အ​ခါ​ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို အ​လျင်​အ​မြန်​ခေါ်​၍``ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​သင်​တို့ ကို​ပြစ်​မှား​မိ​ပါ​ပြီ။-

ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-

ထို​အ​ခါ​ဗာ​လမ်​က``အ​ကျွန်ုပ်​အ​ပြစ်​ကူး လွန်​မိ​ပါ​ပြီ။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို​တား ဆီး​ရန်​လမ်း​ပေါ်​တွင်​ရပ်​နေ​သည်​ကို​အ​ကျွန်ုပ် မ​သိ​ပါ။ အ​ကျွန်ုပ်​အား​ခ​ရီး​ဆက်​၍​မ​သွား စေ​လို​လျှင်​အိမ်​သို့​ပြန်​ပါ​မည်'' ဟု​ဆို​လေ ၏။

ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။

``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။-

ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

အ​ကျွန်ုပ်​တို့​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း​များ​ထဲ တွင်​လှ​ပ​သော​ဗာ​ဗု​လုန်​ဝတ်​ရုံ၊ ငွေ​ချိန်​ငါး ပေါင်​ခန့်​နှင့်​အ​ချိန်​တစ်​ပေါင်​ကျော်​ခန့်​ရှိ သော​ရွှေ​ချောင်း​ကို​တွေ့​ရ​၍ လို​ချင်​မက်​မော လှ​သ​ဖြင့်​ယူ​မိ​ပါ​သည်။ အ​ကျွန်ုပ်​၏​တဲ​ထဲ တွင်​ငွေ​ကို​အောက်​ဆုံး​၌​ထား​၍​မြှုပ်​ထား ပါ​သည်'' ဟု​ယော​ရှု​အား​လျှောက်​ထား​လေ​၏။

ထို​အ​ခါ​ရှော​လု​က``မှန်​ပါ​၏။ အ​ကျွန်ုပ်​သည် အ​ပြစ်​ကူး​လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​လည်း​ကောင်း၊ အ​ရှင်​၏ ညွှန်​ကြား​ချက်​များ​ကို​လည်း​ကောင်း​လွန်​ဆန်​မိ ပါ​ပြီ။ မိ​မိ​၏​လူ​တို့​ကို​ကြောက်​သ​ဖြင့် အ​ကျွန်ုပ် သည်​သူ​တို့​၏​ဆန္ဒ​အ​တိုင်း​ပြု​မိ​ပါ​၏။-

ရှော​လု​က``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကူး​လွန်​မိ​ပါ ပြီ။ သို့​ရာ​တွင်​ယုတ်​စွ​အ​ဆုံး​အ​ကျွန်ုပ်​၏​အ​မျိုး သား​ခေါင်း​ဆောင်​များ​ရှေ့​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​၏​ရှေ့​၌​လည်း​ကောင်း အ​ကျွန်ုပ် ၏​ဂုဏ်​အ​သ​ရေ​မ​ပျက်​စေ​ဘဲ အ​ကျွန်ုပ်​သည်​အ​ရှင် ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်ပြု​ကိုး ကွယ်​နိုင်​ရန်​အ​ကျွန်ုပ်​နှင့်​အ​တူ​အ​ရှင်​ပြန်​၍ လိုက်​ခဲ့​ပါ'' ဟု​တောင်း​ပန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ