Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 7:19

Common Language Bible

ယော​ရှု​က​သူ့​အား``ငါ့​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင်​မှန်​ရာ​ကို​ပြော​၍​ဝန်​ခံ လော့။ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​မ​ထိမ်​မ​ချန် ဘဲ​ငါ့​အား​ထုတ်​ဖော်​ပြော​ကြား​လော့'' ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဟေ​ရှာ​ယ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌ အ​ဘယ်​အ​ရာ​များ​ကို​တွေ့​မြင်​သွား​ကြ ပါ​သ​နည်း'' ဟု​မေး​ပြန်​၏။ ဟေ​ဇ​ကိ​က``သူ​တို့​သည်​နန်း​တော်​တွင်း​၌​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​တွေ့​မြင်​ကြ​ပါ​၏။ ပစ္စည်း​သို​လှောင်​ခန်း​များ​ထဲ​မှ​သူ​တို့​အား ငါ မ​ပြ​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု မိန့်​တော်​မူ​၏။

ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​ပြစ် များ​ကို ကိုယ်​တော်​၏​ထံ​တွင်​ဖော်​ပြ​ဝန်​ခံ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​မိ​သည့်​အ​မှား​များ​ကို အ​ထံ​တော်​မှ​ဖုံး​ကွယ်​၍​မ​ထား​ပါ။ ယင်း​တို့​ကို​ကိုယ်​တော်​အား​ဖော်​ပြ​ဝန်​ခံ​ရန် ကျွန်​တော်​မျိုး​စိတ်​ပိုင်း​ဖြတ်​လိုက်​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကူး​လွန်​မှု ရှိ​သ​မျှ​တို့​အ​တွက်​အ​ပြစ်​ဖြေ​လွှတ်​တော် မူ​ပါ​၏။

ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​အ​မှား​များ​ကို ဝန်​ချ​ပါ​၏။ မိ​မိ​၏​အ​ပြစ်​များ​ကို​အ​စဉ်​ပင်​သ​တိ​ရ​ပါ​၏။

မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။

အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​တို့​သည် ရွှေ ထက်​လည်း​ကောင်း​ရှား​လိမ့်​မည်။-

သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်း သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ငါ​သည်​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ဆု​တောင်း​ပတ္ထနာ​ပြု​၍​ငါ့​လူ​မျိုး​၏ အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​၏။ ငါ​က``အို ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​ကို​ချီး​ကူး​ကြ ပါ​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော် ကို​တည်​မြဲ​စေ​တော်​မူ​လျက် မိ​မိ​အား​ချစ် ၍​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​သူ​တို့​အား ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​၏။

ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-

ဖာ​ရိ​ရှဲ​တို့​သည်​မျက်​မ​မြင်​ဖြစ်​ခဲ့​ဖူး​သူ​ကို ဒု​တိ​ယ​အ​ကြိမ်​ခေါ်​ပြီး ``ဘု​ရား​သ​ခင်​ရှေ့ တွင်​ဟုတ်​မှန်​ရာ​ကို​ပြော​ပါ​လော့။ သင့်​အား မျက်​စိ​မြင်​စေ​သော​သူ​သည်​အ​ပြစ်​ကူး​သူ ဖြစ်​ကြောင်း​ငါ​တို့​သိ​ကြ​၏'' ဟု​ဆို​၏။

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​ယုံ​ကြည် ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​သွယ်​ခွင့်​ရ​၍ နှုတ်​ဖြင့်​ဝန်​ခံ​ခြင်း​အား ဖြင့်​ကယ်​တင်​ခြင်း​ခံ​ရ​သော​ကြောင့်​ဖြစ်​၏။-

မိ​မိ​အား​ဆန့်​ကျင်​ဘက်​ပြု​သူ​များ​ကို​နူး​ညံ့ သိမ်​မွေ့​စွာ​ဆုံး​မ​တတ်​သူ​ဖြစ်​ရ​မည်။ သူ​တို့​သည် နောင်​တ​ရ​၍​သမ္မာ​တ​ရား​ကို​သိ​ရှိ​လာ​နိုင်​ခွင့် ကို​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်။-

အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။-

လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။-

ထို​အ​ခါ​အာခန်​က``အ​ကျွန်ုပ်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​မိ​ခဲ့​ကြောင်း​ဝန်​ခံ​ပါ သည်။-

လူ​တို့​သည်​အား​ကြီး​သော​အ​ပူ​ရှိန်​ဖြင့်​ကျွမ်း လောင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘေး​ဒဏ်​တို့​ကို​အ​စိုး​ရ သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​ကျိန်​ဆဲ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​လည်း မ​ရ​ကြ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​မ​ချီး​မွမ်း ကြ။

ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊

အ​နာ​စိမ်း​၏​ပုံ​စံ၊ သင်​တို့​ပြည်​ကို​ဖျက်​ဆီး လျက်​နေ​သည့်​ကြွက်​၏​ပုံ​စံ​တို့​ကို​ပြု​လုပ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​ကို​ဂုဏ် ပြု​ချီး​မြှင့်​ရ​မည်။ ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရား​များ​ကို​လည်း​ကောင်း၊ သင်​တို့​၏​ပြည်​ကို​လည်း​ကောင်း​ဒဏ်​မ ခတ်​တော့​ဘဲ​နေ​ကောင်း​နေ​တော်​မူ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ