Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 6:22

Common Language Bible

ထို​နောက်​ယော​ရှု​သည်​ထို​ပြည်​ကို​ထောက်​လှမ်း ခဲ့​သော​သူ​လျှို​နှစ်​ယောက်​တို့​အား``သင်​တို့​သည် ပြည့်​တန်​ဆာ​မ​အား​က​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သူ့​အိမ်​သူ​အိမ်​သား​တို့​ကို​ခေါ်​ဆောင်​ခဲ့​လော့'' ဟု စေ​ခိုင်း​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

(ဂိ​ဗောင်​မြို့​မှ​လူ​တို့​သည်​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​များ​မ​ဟုတ်။ သူ​တို့​သည်​အာ မော​ရိ​အ​မျိုး​သား​လူ​နည်း​စု​ဖြစ်​၍ သူ​တို့ အား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​ကာ ကွယ်​စောင့်​ရှောက်​မည်​ဟု​က​တိ​ထား​ခဲ့​၏။ သို့ ရာ​တွင်​ရှော​လု​သည်​ဣ​သ​ရေ​လ​နှင့်​ယု​ဒ ပြည်​သူ​တို့​အ​တွက် စိတ်​ထက်​သန်​မှု​ကြောင့် ဂိ​ဗောင်​မြို့​မှ​လူ​တို့​အား​သုတ်​သင်​ရန် ကြိုး​စား​ခဲ့​သ​တည်း။-)

ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-

သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။

ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-

အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-

ပြည့်​တန်​ဆာ​ရာ​ခပ်​သည်​ဣသ​ရေ​လ​သူ​လျှို​တို့ အား​ဖော်​ရွေ​စွာ​လက်​ခံ​ခဲ့​သည့်​အ​တွက် ဘု​ရား သ​ခင်​၏​စ​ကား​ကို​နား​မ​ထောင်​သူ​တို့​နှင့် အ​တူ​အ​သတ်​မ​ခံ​ရ​ပေ။

မြို့​နှင့်​တ​ကွ​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ပူ​ဇော် သ​ကာ​အ​ဖြစ်​လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။ ပြည့် တန်​ဆာ​မ​ရာ​ခပ်​သည်​ငါ​တို့​၏​သူ​လျှို​များ ကို​ဝှက်​ထား​ခဲ့​သော​ကြောင့် သူ​နှင့်​သူ​၏​အိမ် သူ​အိမ်​သား​တို့​ကို​သာ​လျှင်​အ​သက်​ချမ်း သာ​ပေး​ရ​မည်။-

ထို​ကြောင့်​သူ​တို့​သည်​ရာခပ်​နှင့်​တ​ကွ​သူ​၏ မိ​ဘ​များ၊ မောင်​နှ​မ​များ​နှင့်​အိမ်​သူ​အိမ်​သား များ​ကို​ခေါ်​ဆောင်​ခဲ့​၏။ ကျေး​ကျွန်​များ​ပါ မ​ကျန်​သူ​တို့​အား​လုံး​တို့​ကို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​စ​ခန်း​အ​နီး​လုံ​ခြုံ​သော အ​ရပ်​တွင်​နေ​ရာ​ချ​ထား​ကြ​လေ​သည်။-

ယော​ရှု​သည်​သူ​တို့​နှင့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ချုပ်​ဆို​၍​သူ​တို့​အား​အ​သက်​ချမ်း​သာ​ပေး လေ​၏။ ဣ​သ​ရေ​လ​အ​ကြီး​အ​ကဲ​တို့​က​လည်း ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ကို​တည်​စေ​မည်​ဟု​ကတိ သစ္စာ​ပြု​ကြ​၏။

ထို​သူ​က​လည်း​သူ​တို့​အား​လမ်း​ပြ​သ​ဖြင့် ဧ​ဖ​ရိမ်​အ​မျိုး​သား​နှင့်​မ​နာ​ရှေ​အ​မျိုး သား​တို့​သည် ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု သား​များ​မှ​အ​ပ​အ​ခြား​မြို့​သူ​မြို့​သား ရှိ​သ​မျှ​ကို​သတ်​ဖြတ်​ကြ​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ