Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 6:21

Common Language Bible

သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဋ္ဌား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ပရော​ဖက်​က​လည်း``ထာ​ဝ​ရ​ဘု​ရား​က`ရန်​သူ ကို​သတ်​ရန် ငါ​အ​မိန့်​ပေး​ထား​သော်​လည်း​သူ့ ကို​လွှတ်​ပစ်​လိုက်​သည့်​အ​တွက် ထို​သူ​၏​အ​သက် အ​စား​သင်​၏​အ​သက်​ကို​ပေး​လျော်​ရ​မည်။ သင် ၏​တပ်​မ​တော်​သည်​လည်း​ထို​ရန်​သူ​၏​တပ်​မ တော်​ကို​ထွက်​ပြေး​ခွင့်​ပြု​သည့်​အ​တွက် သုတ် သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​မည်' ဟု​မိန့်​တော် မူ​ပါ​၏'' ဟု​မင်း​ကြီး​အား​ဆင့်​ဆို​ပါ​၏။

ဒိ​ဘုန်​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ သင်​တို့​သည်​ဂုဏ်​အ​သ​ရေ​ရှိ​သည့်​နေ​ရာ​မှ သက်​ဆင်း​၍​မြေ​မှုန့်​ပေါ်​တွင်​ထိုင်​ကြ​လော့။ မော​ဘ​ပြည်​ကို​ပျက်​ပြုန်း​စေ​သော​သူ​သည် ဤ​အ​ရပ်​သို့​ရောက်​ရှိ​လာ​ကာ​သင်​၏​ခံ​တပ် များ​ကို ဖြို​ဖျက်​လိုက်​လေ​ပြီ။

ထို​မြို့​သား​တို့​ပိုင်​သော​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို မြို့​စျေး​ကွက်​တွင်​စု​ပုံ​ရ​မည်။ ထို့​နောက်​မြို့ နှင့်​တ​ကွ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​မြို့​ကို​အ​သစ်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ မြို့​ပျက်​အ​ဖြစ်​အ​စဉ် တည်​ရှိ​စေ​ရ​မည်။-

ထို​အ​ချိန်​၌​ပင်​ငါ​တို့​သည် သူ​တို့​၏​မြို့​အား လုံး​ကို​သိမ်း​ပိုက်​၍​ဖျက်​ဆီး​ကြ​၏။ ယောကျာ်း၊ မိန်း​မ​နှင့်၊ က​လေး​သူ​ငယ်​အား​လုံး​တစ်​ယောက် မ​ကျန်​သတ်​ပစ်​ကြ​၏။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က သင် တို့​၏​လက်​သို့​အပ်​တော်​မူ​သော​လူ​မျိုး​ရှိ​သ​မျှ ကို သင်​တို့​သည်​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ ထို သူ​တို့​အား​မ​သ​နား​မ​ညှာ​တာ​ရ။ ထို​သူ​တို့ ၏​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင် သင်​တို့​အ​တွက်​ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လိမ့် မည်။''

ထို​နေ့​၌​ပင်​ယောရှု​သည်​မက္ကဒါ​မြို့​ကို​တိုက်​ခိုက် သိမ်း​ပိုက်​၍ မက္က​ဒါ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​ခဲ့ လေ​သည်။ မြို့​သူ​မြို့​သား​အား​လုံး​ကို​လည်း တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ယေ​ရိ​ခေါ​မင်း​ကို​အ​ဆုံး​စီ​ရင်​သ​ကဲ့ သို့​မက္ကဒါ​မင်း​ကို​လည်း​အ​ဆုံး​စီ​ရင်​သည်။-

သူ​တို့​သည်​မင်း​နှင့်​တ​ကွ​မြို့​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်​ရှိ​မြို့​ရှိ​သ​မျှ​ကို​လည်း​ကောင်း သိမ်း​ပိုက်​၍ ထို​မြို့​များ​တွင်​နေ​ထိုင်​သော​မြို့ သူ​မြို့​သား​အား​လုံး​ကို​သတ်​ဖြတ်​သုတ်​သင် ကြ​သည်။ ယော​ရှု​သည်​ဟေ​ဗြုန်​မြို့၊ လိ​ဗ​နာ မြို့​နှင့်​၎င်း​တို့​၏​မင်း​များ​ကို​ပြု​သ​ကဲ့​သို့ ဒေ​ဗိ​ရ​မြို့​နှင့်​၎င်း​၏​မင်း​ကို​ပြု​လေ​သည်။

သူ​တို့​သည်​မြို့​သူ​မြို့​သား​များ​ကို​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​၍ မြို့ ကို​မီး​ရှို့​ဖျက်​ဆီး​ကြ​သည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​မြို့ များ​မှ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​နှင့်​သိုး​နွား တိ​ရစ္ဆာန်​တို့​ကို မိ​မိ​တို့​အ​တွက်​သိမ်း​ယူ ကြ​သည်။ မြို့​သူ​မြို့​သား​များ​ကို​မူ​ကား တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့ လေ​သည်။-

သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။

မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။

ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-

ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-

သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-

သူ​သည်​အာ​မ​လက်​ဘု​ရင်​အာ​ဂတ်​ကို​လက်​ရ ဖမ်း​ဆီး​မိ​၏။ လူ​အ​ပေါင်း​တို့​ကို​မူ​သုတ်​သင် ပစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ