ယောရှု 23:7Common Language Bibleသင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။- အခန်းကိုကြည့်ပါ။ |
ထိုကြောင့်အကျွန်ုပ်သည်မိမိ၏ဘုရင်နှင့်အတူ ရှုရိဘုရားရိမ္မုန်ဗိမာန်သို့လိုက်ပါသွားရောက်၍ ကိုးကွယ်ဝတ်ပြုခဲ့သည့်အပြစ်အတွက်ထာဝရ ဘုရားသည် အကျွန်ုပ်အားအပြစ်လွှတ်တော်မူလိမ့် မည်ဟုမျှော်လင့်ပါ၏။ ထာဝရဘုရားသည်အကျွန်ုပ် အားအမှန်ပင်အပြစ်လွှတ်တော်မူပါလိမ့်မည်'' ဟုဆို၏။
အကယ်၍သူတို့သည်ငါ့လူမျိုးတော်၏ ဘာသာတရားကိုလက်ခံကာ အခါတစ်ပါး ကဗာလဘုရားအားတိုင်တည်ကျိန်ဆိုမှု ကိုသူတို့သည် ငါ၏လူမျိုးတော်အားသင် ကြားပေးခဲ့သည့်နည်းတူယခုအခါ`ထာဝရ ဘုရားအသက်ရှင်တော်မူသည့်အတိုင်း' ဟု ငါ၏နာမတော်အားဖြင့်ကျိန်ဆိုကြပါမူ သူတို့သည်ငါ၏လူမျိုးတော်တွင်အပါ အဝင်ဖြစ်လျက်ကောင်းစားကြလိမ့်မည်။-
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။