Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 23:6

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​သည်​မော​ရှေ​၏​ပညတ်​ကျမ်း တွင်​ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​များ​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရန်​သ​တိ ပြု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား စေ​ခိုင်း သည့်​အ​တိုင်း​ပြု​လော့။ မော​ရှေ​၏​ပ​ညတ်​ကျမ်း တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း ကိုယ်​တော်​၏ ပညတ်​တော်​များ​နှင့်​အ​မိန့်​တော်​မှန်​သ​မျှ​ကို လိုက်​နာ​လော့။ သို့​မှ​သာ​သင်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ​၌​အောင်​မြင်​လိမ့်​မည်။-

မ​ကောင်း​မှု​ကို​အ​ဘယ်​အ​ခါ​၌​မျှ​သည်း​ခံ​မည် မ​ဟုတ်​ပါ။ ဘု​ရား​သ​ခင်​အား​ကျော​ခိုင်း​သူ​တို့​၏ အ​ပြု​အ​မူ​တို့​ကို​မုန်း​၍ ထို​အ​ပြု​အ​မူ​တို့​နှင့်​အ​ဘယ်​သို့​မျှ​ပတ်​သက် မည် မ​ဟုတ်​ပါ။

ကွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​သူ​မှာ ကိုယ်​တော်​ရှင်​ဖြစ်​တော်​မူ​သ​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ခ​မှတ်​တော်​မူ​သည့်​စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​မှ သွေ​ဖည်​၍​မ​သွား​ပါ။

သူ​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​လေး​မှ လွှတ်​သော မြား​ကဲ့​သို့​အ​ဘယ်​အခါ​၌​မျှ​နှုတ်​မ​လေး​ကြ။ တိုင်း​ပြည်​တွင်​သစ္စာ​တ​ရား​အုပ်​စိုး​မည့်​အ​စား မု​သား​စ​ကား​အုပ်​စိုး​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​လူ​မျိုး​တော်​သည်​ဒု​စ​ရိုက်​တစ်​ခု​ပြီး တစ်​ခု ကူး​လွန်​လျက် ငါ့​ကို​သူ​တို့​၏​ဘု​ရား​အ​ဖြစ်​လက်​မ​ခံ​ကြ'' ဟု​မိန့်​တော်​မူ​၏။

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သင်​တို့​၏​ယုံ​ကြည် ခြင်း​တွင်​ခိုင်​မာ​စွာ​ရပ်​တည်​ကြ​လော့။ ရဲ​စွမ်း​သတ္တိ ရှိ​ကြ​လော့။-

သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

ဤ​နည်း​အား​ဖြင့်​သူ​သည်​မိ​မိ​၏​အ​မျိုး​သား ချင်း​တို့​ထက် သာ​သည်​ဟူ​၍​မာ​န​ထောင်​လွှား သော​စိတ်​ရှိ​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​များ​ကို​လည်း​လွန်​ဆန်​မည်​မ​ဟုတ်။ ထို​အ​ခါ​သူ​နှင့်​သူ​၏​အ​ဆက်​အ​နွယ်​တို့ သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို​အ​ဋ္ဌွန့်​ရှည်​စွာ အုပ်​စိုး​ရ​ကြ​လိမ့်​မည်။''

ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း လိုက်​နာ​ရ​မည်။ မည်​သည့်​ပညတ်​တော်​ကို​မျှ​မ​ချိုး ဖောက်​နှင့်။-

သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဆိုင်​ပြိုင် တိုက်​ခိုက်​ကြ​ရာ​တွင် ယ​ခု​အ​ချိန်​အ​ထိ သေ​ဘေး​နှင့်​ရင်​မ​ဆိုင်​ကြ​ရ​သေး​ပေ။-

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ