ယောရှု 13:5Common Language Bibleဂေဗလအမျိုးသားတို့၏ပြည်၊ ဟေရမုန် တောင်၏တောင်ဘက်ရှိဗာလဂဒ်မြို့မှဟာ မတ်တောင်ကြားအထိ၊ အရှေ့ဘက်တွင် တည်ရှိသောလေဗနုန်ပြည်အားလုံးတို့ ကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။- အခန်းကိုကြည့်ပါ။ |
ဗိမာန်တော်တွင်ရှောလမုန်နှင့်ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲနေ ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပကြလေ သည်။ လူအုပ်ကြီးမှာမြောက်ဘက်ဟာမတ်တောင် ကြားလမ်းမှသည် တောင်ဘက်အီဂျစ်ပြည်နယ် စပ်တိုင်အောင်အနှံ့အပြားအရပ်ရပ်မှလာ ရောက်သူများဖြစ်သတည်း။-
စခန်းသိမ်း၍ခရီးဆက်ကြလော့။ အာမောရိ အမျိုးသားတို့နေထိုင်ရာတောင်ကုန်းဒေသ နှင့် ၎င်းအနီးရှိဒေသများဖြစ်သောတောင် ကုန်းဒေသ၊ လွင်ပြင်ဒေသ၊ တောင်ဘက်ဒေသ၊ မြေထဲပင်လယ်ကမ်းခြေတို့သို့သွားကြလော့။ ခါနာန်ပြည်သို့သွားကြလော့။ ထိုမှတစ်ဖန် လေဗနုန်တောင်ကိုကျော်၍ ဥဖရတ်မြစ်သို့ တိုင်အောင်သွားကြလော့။-
ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-
ယောရှုနှင့်ဣသရေလအမျိုးသားတို့ သည်ယော်ဒန်မြစ်အနောက်ဘက် လေဗနုန် ချိုင့်ဝှမ်းရှိဗာလဂဒ်မြို့မှတောင်ဘက်ဧဒုံ ပြည်အနီးဟာလက်တောင်အထိ ကျယ်ပြန့် သောဒေသတွင်စိုးစံသောမင်းအားလုံး တို့ကိုတိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ယောရှုသည်ဤဒေသကိုဣသရေလ အနွယ်အသီးသီးတို့အားအမြဲပိုင် ဆိုင်ရန်ခွဲဝေပေးလေသည်။-