Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 13:4

Common Language Bible

ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နွေ​ဦး​ပေါက်​သော​အ​ခါ​မင်း​ကြီး​သည် မိ​မိ​၏ စစ်​သည်​တော်​တို့​ကို​စု​ရုံး​စေ​ပြီး​လျှင်​အာ​ဖက် မြို့​သို့​ချီ​တက်​လေ​၏။-

ကျန်​ကြွင်း​သော​သူ​တို့​သည်​အာ​ဖက်​မြို့​ထဲ​သို့ ဝင်​ပြေး​ကြ​ရာ လူ​ပေါင်း​နှစ်​သောင်း​ခု​နစ်​ထောင် အ​ပေါ်​သို့​မြို့​ရိုး​ပြို​ကျ​လေ​၏။ ဗင်္ဟာ​ဒဒ်​သည်​လည်း​မြို့​ထဲ​သို့​ဝင်​ပြေး​ပြီး​လျှင် အိမ်​တစ်​အိမ်​ရှိ​အ​တွင်း​ခန်း​တစ်​ခု​တွင်​ပုန်း အောင်း​၍​နေ​၏။-

ထို​မြို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ သည်​ကား ``သင်​၏​မျိုး​ရိုး​စဉ်​ဆက်​သည်​ခါ​နာန်​ပြည်​တွင် မွေး​ဖွား​၍ သင်​၏​အ​ဖ​သည်​အာ​မော​ရိ​အ​မျိုး သား၊ သင်​၏​အ​မိ​မှာ​ဟိတ္တိ​အ​မျိုး​သ​မီး ဖြစ်​၏။-

ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​လာ​ခဲ့​၏။ တော​ကန္တာ​ရ​အ​တွင်း​၌ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​ပို့​ဆောင်​ခဲ့​ပြီး အာ​မော​ရိ​လူ​မျိုး​တို့​၏​မြေ​ယာ​များ ကို​သင်​တို့​ပိုင်​ဆိုင်​ရန်​ပေး​အပ်​ခဲ့​ပြီ။-

ယော​ရှု​သည်​တိုင်း​ပြည်​တစ်​ခု​လုံး​ကို​တိုက် ခိုက်​အောင်​မြင်​လေ​သည်။ သူ​သည်​တောင်​ပေါ် ဒေ​သ​ရှိ​မင်း​များ၊ အ​ရှေ့​ဘက်​တောင်​စောင်း နှင့်​အ​နောက်​ဘက်​တောင်​ခြေ​ရှိ​မင်း​များ​နှင့် တောင်​ဘက်​ခြောက်​သွေ့​သော​ဒေ​သ​ရှိ​မင်း အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။ ၎င်း​တို့​၏​ပြည်​သူ​ပြည်​သား​အား​လုံး​တို့​ကို တစ်​ယောက်​မ​ကျန်​သတ်​ဖြတ်​သုတ်​သင်​ခဲ့​လေ သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ဤ​သို့​ပြု​ခြင်း​ဖြစ်​သည်။-

ထို့​အ​ပြင်​သူ​သည်​ယော်​ဒန်​မြစ်​အ​ရှေ့ ဘက်​နှင့်​အ​နောက်​ဘက်​တွင်​နေ​ထိုင်​သော ဟိ​ဝိ​အ​မျိုး​သား​တို့​ထံ​သို့​လည်း အ​ကြောင်း​ကြား​လိုက်​လေ​သည်။-

အုမ္မ​မြို့၊ အာ​ဖက်​မြို့၊ ရ​ဟော​ဘ​မြို့​ကြီး​နှစ် ဆယ့်​နှစ်​မြို့​နှင့် ယင်း​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​ပါ​ဝင်​လေ​သည်။-

ထို​အ​ခါ​ကာ​လ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​စစ်​တိုက်​ရန် ချီ​တက်​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​ဧ​ဗ​နေ​ဇာ​မြို့​တွင်​လည်း​ကောင်း၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က​အာ​ဖက်​မြို့​တွင်​လည်း ကောင်း​တပ်​စ​ခန်း​ချ​ထား​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ