မောရှေသည်ရုဗင်အနွယ်ဝင်မိသားစုတို့ အားနယ်မြေခွဲဝေပေးခဲ့၏။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
မောရှေသည်လေဝိအနွယ်အားနယ်မြေခွဲ ဝေပေးခြင်းမပြုခဲ့ချေ။ ထာဝရဘုရား ကမောရှေအားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားအား ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သောပူဇော် သကာမှဝေစုကိုရရှိကြလေ သည်။
သူတို့၏နယ်မြေသည်(အာနုန်မြစ်ဝှမ်းပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်းအထက်ရှိမြို့များ အထိကျယ်ပြန့်၍ မေဒဘမြို့ပတ်လည်ရှိ ကုန်းပြင်မြင့်တစ်ခုလုံးပါဝင်သည်။-
ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
သို့ရာတွင်ရှိဟုန်မင်းကခွင့်မပြုချေ။ သူ သည်မိမိ၏တပ်မတော်တစ်ခုလုံးကိုစုရုံး စေပြီးလျှင် ယာဟတ်မြို့သို့လာရောက်စခန်း ချကာဣသရေလအမျိုးသားတို့အား တိုက်ခိုက်လေသည်။-