Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယော​ရှု 13:14

Common Language Bible

မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-

ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-

ထို​အ​ကြောင်း​ကြောင့်​လေ​ဝိ​အ​မျိုး​သား​တို့ သည်​အ​ခြား​အ​မျိုး​သား​ချင်း​တို့​နည်း​တူ နယ်​မြေ​သီး​ခြား​မ​ရ​ခဲ့​ကြ​ချေ။ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​က​တိ​တော် အ​တိုင်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ် ပု​ရော​ဟိတ်​များ​ဖြစ်​ရ​သည့်​အ​ခွင့်​ထူး​ကို ရ​ရှိ​ကြ​လေ​သည်။)

ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-

သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''

သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။

မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-

မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။

လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​တော် ထမ်း​ဆောင်​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် သင် တို့​ကဲ့​သို့​နယ်​မြေ​ဝေ​စု​ရ​မည်​မ​ဟုတ်။ ဂဒ် အ​နွယ်၊ ရု​ဗင်​အ​နွယ်​နှင့်​အ​ရှေ့​မ​နာ​ရှေ အ​နွယ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ ခံ​မော​ရှေ​ခွဲ​ဝေ​ပေး​ခဲ့​သည့်​အ​တိုင်း ယော်​ဒန် မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​ရ​ရှိ​ကြ​ပြီ'' ဟု​ဆို​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ